DVB Logo
Home
မြန်မာသတင်း
လောင်းလုံးမြို့၌ လေးရက်အတွင်း ပြည်သူ ၂၂ ဦး ဖမ်းဆီးခံရ
DVB
·
June 20, 2022
လောင်းလုံးမြို့၌ လေးရက်အတွင်း ပြည်သူ ၂၂ ဦး ဖမ်းဆီးခံရ
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှာ ဇွန် ၁၆ ရက်ကနေ ၁၉ ရက်အထိ လေးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ် ၅၀ လောက်ကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပြီး ပြည်သူ ၂၂ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဖမ်းခံရသူတွေထဲမှာ CDM ဝန်ထမ်းတွေ၊ သပိတ်လှုပ်ရှားမှုကို ကူညီပေးခဲ့ဖူးသူတွေအပြင် သာမန်ပြည်သူအချို့လည်းပါဝင်ပြီး လောင်းလုံးမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

လောင်းလုံးမြို့ခံ လူငယ်တဦးက “လိုက်ဖမ်းတာက နေ့ဘက်ရော ညဘက်ရောပဲ၊ ကားသုံးစီး အင်အားသုံးဆယ်လောက်နဲ့ မြို့ပတ်ပြီး လိုက်ဖမ်းနေတာ၊ အခုလည်း လိုက်ဖမ်းနေတုန်းပဲ" လို့ ပြောပါတယ်။ 

အဖမ်းခံရသူတွေဟာ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁၇ ဦးဖြစ်ပြီး အများစုမှာ အသက်လေးဆယ်ဝန်းကျင် အရွယ်တွေဖြစ်ကြပါတယ်။

လောင်းလုံးမြို့ကို ဇွန် ၁၄ ရက်နေ့ကနေစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာလောက် အင်အားဖြည့်တင်းပြီးနောက် မြို့ပေါ်မှာ လိုက်လံဖမ်းဆီးနေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေနိုင်တဲ့ တောတောင်တွေထဲကိုလည်း စစ်ကြောင်းထိုး ဝင်ရောက်ရှာဖွေနေတယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ်ဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု၊ CDM လှုပ်ရှားမှုတွေ အားကောင်းတဲ့ ဒေသတခုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားတာ၊ စစ်ကောင်စီသတင်းပေးဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံရ​တာတွေလည်း မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013