DVB Logo
Home
မြန်မာသတင်း
စခန်းပြင်ပထွက်ခွင့်ရရေး မယ်လဒုက္ခသည်စခန်းက စစ်ဘေးရှောင်များ ကမ္ဘာ့ဒုက္ခသည်နေ့တွင် တောင်းဆို
DVB
·
June 20, 2022
စခန်းပြင်ပထွက်ခွင့်ရရေး မယ်လဒုက္ခသည်စခန်းက စစ်ဘေးရှောင်များ ကမ္ဘာ့ဒုက္ခသည်နေ့တွင် တောင်းဆို
1 / 2
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ တာဆောင်ယမ်းမြို့ရှိ မယ်လဒုက္ခသည်စခန်းမှာ နှစ်ပေါင်းမျာစွာခိုလှုံနေကြရတဲ့  စစ်ဘေးရှောင်ပြည်သူတွေဟာ ဒုက္ခသည်တွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေအတွက်  ဇွန်လ ၂၀ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်နေ့မှာ တောင်းဆိုခဲ့ကြပါတယ်။ 

ဒီနေ့မနက် မယ်လစခန်းရှိ ဘောလုံးကွင်းမှာ မြန်မာပြညကနေ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတဲ့ တိုင်းရင်းသားပြည်သူ  စစ်ဘေးရှောင်ဒုက္ခသည်  အင်အားထောင်ချီစုဝေးခဲ့ကြပြီး မိမိအခွင့်အရေးဖြစ်တဲ့ စခန်းတွင်းမှ ပြင်ပသို့ သွားခွင့်ရရှိရေးနဲ့ တခြားရပိုင်ခွင့်တွေအတွက် တာဝန်ရှိသူတွေက ဖြည့်ဆည်းပေးဖို့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘာ့ဒုက္ခသည်နေ့အထိမ်းအမှတ်  ဘောလုံးပွဲနဲ့ တခြားအားကစားပြိုင်ပွဲတွေ၊  အမျိုးသမီးတွေရဲ့ ပြိုင်ပွဲတွေလည်းကျင်းပခဲ့ကာ ဆုရရှိသူတွေကိုလည်း ဆုတွေလည်းပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ စစ်အစိုးရအဆက်ဆက် စစ်တပ်က တိုင်းရင်းသားတွေကို ဖြတ်လေးဖြတ်စနစ်နဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး၊ တရားသဖြင့် အနိုင်ကျင့် ဖမ်းဆီးသတ်ဖြတ် အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှုတွေကြောင့် စစ်ဘေးရှောင်တွေဟာ  မြန်မာ-ထိုင်းနယ်စပ် သို့ထွက်ပြေးလာပြီး ဆယ်စုနှစ်တွေနဲ့ချီပြီး ခိုလှုံနေကြတာပါ။ 

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူတွေ ခိုလှုံနေကြတဲ့ ယာယီဒုက္ခသည်စခန်း ၈ ခုလောက်ရှိပြီး ဒီအထဲမှာ မယ်လဒုက္ခသည်စခန်းက လူပေါင်း သောင်း ချီခိုလှုံနေကြတဲ့ အကြီးဆုံးစခန်းတခုဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013