DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ လွှတ်တော်နှစ်ရပ် အတည်ပြု
DVB
·
March 26, 2014
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ လွှတ်တော်နှစ်ရပ် အတည်ပြု
Donate to DVB

နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူတွေသာ နိုင်ငံရေးပါတီ ထူထောင်ခွင့်ပြုတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုလိုက်ပါတယ်။

အမျိုးသားလွှတ်တော်က ပြင်ဆင်ပေးပို့လိုက်တဲ့ ဥပဒေကြမ်းကို မတ်လ ၂၅ ရက်က ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်ကလည်း အတည်ပြုလိုက်တာပါ။

1234172_611378545603632_361281044_n၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ နိုင်ငံ သား၊ နိုင်ငံသားပြုခွင့်ရသူနဲ့ ဧည့်နိုင်ငံသား၊ ယာယီသက်သေခံလက်မှတ် ၀ှိုက်ကတ်ကိုင်ဆောင်ထား သူတွေကို နိုင်ငံရေးပါတီ ထူထောင်ခွင့် ပေးခဲ့ပေမယ့် အခု ပြင်ဆင်ချက် အရတော့ နိုင်ငံသား နဲ့ နိုင်ငံသားပြုခွင့်ရသူတွေကိုပဲ ထူထောင်ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက နိုင်ငံသားတွေပဲ နိုင်ငံရေးလုပ်ဖို့ ပြင်ဆင်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံသားပြုခွင့်ရသူ ဆိုတာ ၀ှိုက်ကတ်ကိုင်ဆောင်ထားသူတွေကို ဆိုလိုတာ မဟုတ်ဘဲ တိုင်းရင်းသားတွေထဲ မှတ်ပုံတင် မရှိသေးသူတွေကိုသာ ဆိုလိုတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

"မူလကတော့ နိုင်ငံသားတွေရော၊ ဧည့်နိုင်ငံသားတွေရော၊ နိုင်ငံသားဖြစ်ခွင့် ရတဲ့သူတွေရော၊ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့်ရသူတွေရောကို နိုင်ငံရေးလုပ်ခွင့်ပေးထားတယ်။ အခုတော့ ဒေါက်တာအေးမောင်တို့က နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူများကိုပဲ ပါတီမှာ လုပ်ခွင့်ရဖို့ကို တင်တယ်။ ဒါကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီကနေပြီး အချက်တချက် ထပ်ဖြည့်သေးတယ်။ ဘာလဲဆိုတော့ လက်ရှိပါတီတွေဟာ ဒီလိုပြောင်းလိုက်တယ်ဆိုရင် တရားဝင်ရပ်တည်ခွင့်ရှိအောင် အပြောင်းအလဲတွေ လုပ်ရတော့မယ်။ အဲဒီအတွက် ကာလတခုကို ကော်မရှင်က သတ်မှတ်ပြီး ဆောင်ရွက်ရမယ်ဆိုတဲ့ အချက် ထပ်ဖြည့်ပေးလိုက်ပါတယ်။ အဓိက ပြောင်းတာကတော့ နိုင်ငံသားတွေပဲ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရှိအောင်လို့ပါ။"

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးအော်လီအူလာရ်က မှတ်ပုံတင်ရှိတဲ့ မိဘနှစ်ပါးက မွေးဖွားလာတဲ့ သားသမီးတွေ ၀ှိုက်ကတ်ကိုင်ဆောင်ထားရတာမို့ မိဘတွေက နိုင်ငံရေး လုပ်ခွင့် ရှိနေပြီး သားသမီးတွေ နိုင်ငံရေး လုပ်မရတဲ့အပေါ် အခုလို မေးခွန်းထုတ်ပါတယ်။

"အမျိုးသားမှတ်ပုံတင်ရှိတဲ့သူတွေက နိုင်ငံသားဖြစ်ပြီးသားပဲ။ သူတို့သားသမီးတွေကို အဖြူကတ် (၀ှိုက်ကတ်) ပေးထားတော့ သဘောအရ အဖြူကတ်ကိုင်ထားတဲ့သူတွေက ဘယ်လိုလုပ်ရမှန်း နားမလည်ဘူး။ ဘာလို့လဲဆိုတော့ မိဘနှစ်ပါးက နိုင်ငံသားဖြစ်ပြီးသား။ သူ့ကလေးတွေကို အဖြူကတ်ပေးထားတော့ အဖြူကတ်ကိုင်ဆောင်ထားသူတွေက ပါတီဝင်လုပ်မရဘူးဆိုတော့ ဒါလည်း ဥပဒေကြောင်းနဲ့သွားမှာကို။

အခု လွှတ်တော်နှစ်ရပ်စလုံးက ပြင်ဆင် အတည်ပြုလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ယာယီသက်သေခံလက်မှတ် ၀ှိုက်ကတ်ကိုင်ထားသူတွေ မဲပေးပိုင်ခွင့် ရှိ မရှိ ဆိုတဲ့အချက် ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး၊

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပချိန်နီးမှပဲ မဲပေးခွင့် ရှိသူတွေစာရင်း ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013