DVB Logo
Home
မြန်မာသတင်း
မြန်မာ့စွမ်းအင်ဖြည့်ဆည်းပေးရန် PTTEP က သဘာဝဓာတ်ငွေ့ ၂ ဆ တိုး ဖြန့်မည်
DVB
·
March 26, 2014
မြန်မာ့စွမ်းအင်ဖြည့်ဆည်းပေးရန် PTTEP က သဘာဝဓာတ်ငွေ့ ၂ ဆ တိုး ဖြန့်မည်
Donate to DVB

ထိုင်းနိုင်ငံအခြေစိုက် PTTEP International Limited က မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပေးတဲ့ ပမာဏကို လာမယ့်ဧပြီလကစပြီး ၂ ဆ တိုးမြှင့် ထုတ်လွှတ်ပေးသွားမယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

AD_PTTEP copyဇောတိကသဘာဝ ဓာတ်ငွေ့စီမံကိန်း ကနေ မြန်မာနိုင်ငံအတွက် ၁ ရက်ကို သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၅၀ လောက်ကို အခုနှစ် မတ်လ ၁၄ ရက်နေ့ကစပြီး ဖြန့်ဖြူးပေး ခဲ့ရာမှ အခုနှစ် ဧပြီလကစလို့ ၁ ရက်ကို သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၁၀၀ လောက်အထိ တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးနိုင်ဖို့နဲ့ စွမ်းအင်လိုအပ်ချက် မြင့်မားလာမှုကို ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်တာလို့ PTTEP ကုမ္ပဏီက ဆိုပါတယ်။

ဇောတိက စီမံကိန်းက ရန်ကုန်မြို့ရဲ့တောင်ဘက် ခန့်မှန်းခြေ ကီလိုမီတာ ၃၀၀ အကွာ မုတ္တမကမ်းလွန်ပင်လယ်မှာ တည်ရှိပါတယ်။ ဒီစီမံကိန်းကို ၂၀၀၇ ခုနှစ်မှာ M11 လုပ်ကွက်နဲ့ M9 လုပ်ကွက်တို့ကနေ သဘာဝဓာတ်ငွေ့တွေ များစွာတွေ့ရှိခဲ့ပြီးတော့ ဇောတိကစီမံကိန်းဆိုပြီး အမည်တွင်လာတာပါ။

ဇောတိကစီမံကိန်းမှာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက ရှယ်ယာ၂၀ ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်ထားပါတယ်။

PTTEP ကုမ္ပဏီအနေနဲ့ ဇောတိကစီမံကိန်း အပါအ၀င် ကမ်းလွန်လုပ်ကွက်တွေဖြစ်တဲ့ M3၊ M11၊ MD 7၊ MD 8 လုပ်ကွက်တွေအပြင် ကုန်းတွင်းလုပ်ကွက်တွေဖြစ်တဲ့ PSCG၊ EP 2 လုပ်ကွက်တွေမှာလည်း operator အနေနဲ့ လုပ်ဆောင်နေပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013