Home
မြန်မာသတင်း
ကျိုက်ထိုတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
June 18, 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ ဇွန် ၁၇ ရက် မနက် ၁၀ နာရီခွဲလောက်က  စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် ဒဏ်ရာရသွားတယ်လို့ KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ဘက်ကို မောင်းနှင်လာတဲ့ ကား ၈ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။

ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကား တစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ယာဉ်တန်းမိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီဘက်က ပြန်လည် ပစ်ခတ်ပြီးနောက် ဘီးလင်းမြို့နယ်ထဲကို အရှိန်အပြင်း မောင်းနှင်းသွားတာပါ။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို မော်လမြိုင်က တပ်မတော် ကုတင် ၃၀၀ ဆေးရုံသို့ ပို့ဆောင်ထားပြီး အဲဒီထဲမှာ တစ်ဦးက အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်မှာ အခုဇွန်လအတွင်း စစ်ကောင်စီယာဉ်တန်း ၇ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံထားရတာ ဖြစ်ပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာတော့ အခုရက်ပိုင်းအတွင်း နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာသလို  ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024