မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရ
DVB
·
June 17, 2022
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်း၊ ၆၂ လမ်းနဲ့ ၆၃ လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲမှာ ဇွန် ၁၇ ရက် မနက် ၁၀ နာရီလောက်က ဓားပြတိုက်ခံရမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိအချိန်မှာ စစ်ဆေးဆဲဖြစ်ပြီး ဓားပြတိုက်ခံရမှုမှာ ငွေကြေးဘယ်လောက်ပါသွားတယ် ဆိုတာတော့ မသိရသေးပါဘူး။
ကမ္ဘောဇဘဏ်ဓားပြတိုက်ခံရတဲ့အတွက် တမြို့လုံးက လမ်းဆုံ လမ်းခွတွေမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးနေပြီး ကားတွေကို အဓိကထား စစ်ဆေးနေပါတယ်။