DVB Logo
Home
မြန်မာသတင်း
ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရ
DVB
·
June 16, 2022
ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရ
1 / 2
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတချို့မှာ ဝန်ထမ်းတွေ လုပ်အားညှစ်ထုတ်ခိုင်းစေမှုနဲ့ ရင်ဆိုင်နေရပြီး မလုပ်နိုင်ပါက အလုပ်ကနေ ရပ်စဲခံနေရတယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက Myanmar Lucky အထည်ချုပ်စက်ရုံက ဝန်ထမ်းတဦးဟာ လုပ်ငန်းခွင်အတွင်းမှာ လုပ်ကိုင်နေစဉ် နေမကောင်းသဖြင့် ခွင့်ယူဖို့ တောင်းဆိုရာမှာ အလုပ်ရှင် ခန့်အပ်ထားတဲ့ ကြီးကြပ်သူက ကိုယ်ထိလက်ရောက် ဆဲဆိုပြောဆိုခဲ့ပြီး ဝန်ထမ်းကို အဓမ္မ အလုပ်ဖြုတ်ခဲ့တာပါ။

အလုပ်မှ ရပ်စဲခံခဲ့ရတဲ့ဝန်ထမ်းက “ကျမ နေမကောင်းလို့ ကြီးကြပ်သူဆီမှာ gate pass ပေးဖို့တောင်းတဲ့ဟာကို ဘယ်ကောင်မ နေမကောင်းတာလဲ။ ခွင့်မပေးနိုင်ဘူးဆိုပြီးတော့ ကျမကို ပါးရိုက်ဖို့ လက်နဲ့ ရွယ်ပြီး ဆဲဆိုခဲ့တာ။ ပြီးတော့ နောက်နေ့ အလုပ်မလာနဲ့ဆိုပြီး gate တံခါး ဖွင့်ပေးလိုက်တယ်။ ဘာနစ်နာကြေးမျှ မပေးဘဲနဲ့ ကျမကို အလုပ်ဖြုတ်လိုက်တာ။ တနင်္ဂနွေနေ့ဆိုရင်လည်း အချိန်ပိုသာ ဆင်းပေးရပြီး အချိန်ပိုကြေး မရဘူး”လို့ပြောတဲ့အကြောင်း မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)၏ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံတွေမှာ ဝန်ထမ်းတွေ ခေါင်းပုံဖြတ်ခံနေရပြီး အလုပ်သမားအခွင့်အရေးတွေလည်း ဆုံးရှုံးလာနေပါတယ်။

အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက “အခုဆိုရင် ကျမတို့ဆီမှာ အဲ့ဒီလိုဖြစ်စဉ်တွေ တော်တော်များများ ရှိလာတာနော်။ ဥပဒေကလည်း သိတဲ့အတိုင်း တဖက်သတ်ယိမ်းနေတာဘဲလေ။ သက်ဆိုင်ရာဦးစီးဌာနက စည်းကြပ်တာမျိုးလည်း မရှိတော့ လုပ်ငန်းရှင်တွေက သူတို့ စိတ်ထဲမှာ မကြိုက်ရင် မကြိုက်သလို လုပ်နေတာပေါ့။ အဓိကတွေ့နေရတဲ့ ပြဿနာ လုပ်အားညှစ်ထုတ်မှုတွေကို အတင်း အဓမ္မ လုပ်နေကြတာ။ ဒီဒဏ်ကို အလုပ်သမားက မခံနိုင်ရင် ထွက်ဘဲ။ မကျေနပ်လို့ သွားတိုင်ရင်လည်း အရေးယူ အပြစ်ပေးတယ်ဆိုတာက မရှိသလောက်ဘဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် အခုလို ဥပဒေအကာအကွယ်မဲ့ ခေါင်းပုံဖြတ်ကုပ်သွေးစုပ်မှုတွေ အပေါ် အလုပ်သမားထုက မခံရပ်နိုင်တော့တဲ့ အချိန်မှာတော့ လူတန်းစားတိုက်ပွဲ ထွက်ပေါ်လာဖို့ရှိတယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက အခုလို ဆိုပါတယ်။

“စစ်ကောင်စီက သူတို့နဲ့ လိုက်လျောညီထွေမှုရှိတဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး မလေးစား၊ မလိုက်နာတဲ့သူတွေ၊ ရှင်းရှင်းပြောရရင် ကိုယ့်အိတ်ထဲပဲ ပိုက်ဆံထည့်မယ့်သူတွေနဲ့ပဲ စခန်းသွားပြီးလုပ်ကြမှာဆိုတော့ အလုပ်သမားတွေရဲ့ဘဝက မတွေးရဲစရာပဲနော်။ ဒီအချိန်မှာ လူတန်းစား တိုက်ပွဲတွေလည်း ဖြစ်လာနိုင်တယ်။ ဘာကြောင့်လဲဆို အလုပ်သမားတွေက ဘယ်လောက်ထိ သည်းခံနေနိုင်မလဲပေါ့။ ဘယ်လောက်ထိ ခေါင်းငုံ ငြိမ်ခံ နေနိုင်ကြမလဲ။ မနေနိုင်လို့ ကန်ထွက်လာကြပြီဆိုရင် လူတန်းစားတိုက်ပွဲ ပေါ်ထွက်လာလိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါ တယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အထည်ချုပ်စက်ရုံတွေက အလုပ်အကိုင်ပေါင်း ၂ သိန်းခွဲကျော် ဆုံးရှုံးခဲ့ရတယ်လို့ အလုပ်သမားများ ညီညွတ်ရေးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က  ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) ကလည်း စစ်တပ်အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း အလုပ်အကိုင်ဆုံးရှုံးမှု ၁ ဒသမ ၆ သန်းလောက်ရှိနေပြီး ကလေးအလုပ်သမားတွေလည်း ပိုမိုများပြားလာနိုင်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013