၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေး ထားဝယ်တွင် ဆန္ဒပြ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ - ၅၉ (ဃ)/ (စ)၊ ပုဒ်မ - ၄၃၆ ပြင်ဆင်ရေး၊ လေးပွင့်ဆိုင်တွေ့ဆုံရေးတို့အတွက် ထားဝယ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ daweiတနင်္သာရီတိုင်း ထားဝယ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် အင်အား ၄၅၀ လောက်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ပြည်သူကို အကာအကွယ်မပေးသည့် ဥပဒေများ - ဖျက်သိမ်းပေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ ဃ/စ - ဖျက်သိမ်းပေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ - ပြင်ဆင်ပေး၊ ဒီမိုကရေစီစံနှုန်းနှင့်မကိုက်ညီသော ဥပဒေများ ဖျက်သိမ်းပေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ပြင်ဆင်ပေးရေး၊ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အမြန်ဖော်ဆောင်ပေး၊ ဒီမိုကရေစီစံနှုန်းပြည့် ဖွဲ့စည်းပုံပေါ်ပေါက်ရေး စတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up