DVB Logo
Home
မြန်မာသတင်း
စက်ရုံလုပ်ငန်းခွင်များတွင် EC စာချုပ်မရှိသဖြင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရ
DVB
·
June 16, 2022
စက်ရုံလုပ်ငန်းခွင်များတွင် EC စာချုပ်မရှိသဖြင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရ
Donate to DVB

ရန်ကုန် စက်ရုံလုပ်ငန်းခွင်တွေမှာ အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်ချုပ်ဆိုတာ မရှိသလောက် ဖြစ်နေပြီး အလုပ်ရှင်ဘက်က ပျက်ကွက်မှုများနေတယ်လို့ လုပ်သားတွေက ပြောပါတယ်။  

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ကို အလုပ်သမား ၅ ဦးအထက်ရှိတဲ့ လုပ်ငန်းတွေမှာ မဖြစ်မနေ ချုပ်ဆိုရမယ်လို့ သတ်မှတ်ချက်ရှိပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စာချုပ်ချုပ်ဆို အလုပ်ခန့်ထားမှုမရှိသလောက် ဖြစ်လာပါတယ်။ 

EC စာချုပ်ဟာ အလုပ်သမားတွေ ရပိုင်ခွင့်နဲ့ ထမ်းဆောင်ရမယ့်တာဝန်တွေကို အလုပ်ရှင်နဲ့ သဘောတူစာချုပ်ချုပ်ဆိုပြီး အဲဒီစာချုပ်ပါ သတ်မှတ်ချက်တွေအတိုင်း နှစ်ဖက် ကျင့်သုံးတဲ့စနစ် ဖြစ်ပါတယ်။ အဲဒီစနစ်ကို ၂၀၁၇ ခုနှစ်ကစပြီး ကျင့်သုံးခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ အလုပ်ရှင်တွေက လျစ်လျူရူလိုက်ကြတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

စက်ရုံအလုပ်သမားတဦးက “စာချုပ် ချုပ်ထားလည်း စာချုပ်ပါ ခံစားခွင့်တွေကို အလုပ်ရှင်က ပျက်ကွက်တယ်။ အလုပ်သမားအသစ်တွေကိုလည်း အီးစီစာချုပ်ချုပ်ခန့်တာ မရှိတော့ဘူး။ အချို့အလုပ်သမားတွေဆို EC ဆိုတာ ဘာလဲတောင် မသိတော့ဘူး” လို့ ပြောပါတယ်။

စက်ရုံလုပ်ငန်းရှင်တချို့ဟာ ခေတ်ကာလကို အကြောင်းပြပြီး အလုပ်သမားအခွင့်အရေးတွေကို ဗြောင်ကျကျ ချိုးဖောက်နေသလို EC စာချုပ်ချုပ်ဆိုရမယ့်အပေါ် အလေးမထားကြတော့ဘူးလို့ အလုပ်သမားအရေး တက်ကြွလူပ်ရှားသူတွေက ပြောပါတယ်။ စာချုပ်မရှိတဲ့အတွက် အလုပ်သမားတွေဟာ အခွင့်အရေးချိုးဖောက်ခံရတဲ့အခါ သက်ဆိုင်ရာကို တိုင်ကြားဖို့ အထောက်အထားမရှိတာမျိုး ကြုံတွေ့နေရပါတယ်။

အလုပ်သမားအဖွဲ့ချုပ် တာဝန်ရှိသူတဦးက “အလုပ်ရှင်တွေက အလုပ်သမားတွေကို တခြားအခွင့်အရေးတွေ ထပ်ပေးရမှာစိုးလို့ နေ့စားပဲ ခန့်နေကြတာ။ စာချုပ်ကမရှိသလောက်ပဲ” လို့ ပြောပါတယ်။

အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေမှာ အလုပ်ခန့်ထားပြီး ရက် ၃၀ အတွင်း EC စာချုပ် မဖြစ်မနေ ချုပ်ဆိုရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အလုပ်သမားဝန်ကြီးဌာနကလည်း ၂၀၁၇ ခုနှစ်မှာ EC စာချုပ်နမူနာနဲ့အတူ လုပ်ငန်းတိုင်း လိုက်နာချုပ်ဆိုဖို့ အမိန့်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဥပဒေမှာ စာချုပ်ချုပ်ဆိုဖို့ပျက်ကွက်ရင် အနည်းဆုံးထောင်ဒဏ်ခြောက်လဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတဦးက "ကြီးကြပ်တဲ့ အလုပ်သမားရုံးတွေကလည်း ဒါကိုလျစ်လျူရှုနေတာ။ အရေးယူမှုဆိုတာမရှိဘူး။ EC က လုပ်ငန်းခွင်အငြင်းပွားမှုဖြစ်ရင် သက်သေပြစရာတခုပဲ အရေးပါတယ်။ အလုပ်သမားတွေဘက်ကလည်း စာချုပ်ချုပ်ရကောင်းမှန်းမသိတဲ့ အားနည်းချက်တွေရှိတယ်” လို့ ပြောပါတယ်။ 

ဥပဒေပြဋ္ဌာန်းချက်အရဆိုရင် EC စာချုပ်ချုပ်ဖို့ ပျက်ကွက်တဲ့ အလုပ်ရှင်တွေဟာ အရေးယူခံရမယ့် အခြေအနေဖြစ်ပေမယ့် စစ်ကောင်စီလက် အောက်ခံ အလုပ်သမားဦးစီးဌာနတာဝန်ရှိသူတွေနဲ့ပေါင်းပြီး အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်နေတာပါ။ ‘

စစ်ကောင်စီ လက်အောက်မှာ အလုပ်သမားအခွင့်အရေး ကာကွယ်ဖို့ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်မရတာ၊ အချိန်ပိုအတင်းအကျပ်ဆင်းခိုင်တာ၊ လုပ်ခလစာအပြည့်မရတာ စတဲ့အခွင့်အရေးမျိုးစုံ ချိုးဖောက်ခံနေရပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း တနိုင်ငံလုံး အလုပ်လက်မဲ့ဖြစ်ရတဲ့ အလုပ်သမား ၁.၆ သန်း ကျော်ရှိတယ်လို့ ILOက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013