
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ယူဆိုမိုဆိုရွာကို စစ်ကောင်စီတပ်က ဇွန် ၁၄ ရက် မွန်းလွဲပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာကြောင့် အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်တချို့ထိခိုက်ပျက်စီးသွားပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေဟာ အသက် (၆၀) အရွယ် အမျိုးသမီးတယောက်၊ အသက် (၂၀) အရွယ် အမျိုးသားတယောက်နဲ့ အသက်(၃)နှစ်အရွယ်ကလေးငယ်တယောက်တို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အရပ်သားနေအိမ် ၂ လုံးနဲ့ အဖိုးတန်ပစ္စည်းတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ အခု ဇွန်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ် မိုးဗြဲနဲ့ ကယားနယ်အတွင်းမှာ အရပ်သားသေဆုံးသူ ၆ ယောက်နဲ့ ဒဏ်ရာရသူ ၁၀ ယောက်ကျော်ရှိပြီ ဖြစ်ပါတယ်။