DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်နှင့် ဟိန္ဒူ ဒုက္ခသည် ၁၀၀၀ ကျော်ကို ပြန်လက်ခံရေး မဖြစ်သေး
DVB
·
June 14, 2022
ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်နှင့် ဟိန္ဒူ ဒုက္ခသည် ၁၀၀၀ ကျော်ကို ပြန်လက်ခံရေး မဖြစ်သေး
1 / 2
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားခဲ့ကြရတဲ့ မွတ်ဆလင်နဲ့ ဟိန္ဒူဒုက္ခသည်တွေထဲက အယောက် ၁၀၀၀ ကျော်ကို ပြန်လည်လက်ခံဖို့ မြန်မာဘက်က အဆင်သင့်လုပ်ထားပြီး ဖြစ်တယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ ပြောခွင့်ရသူက ပြောဆိုထားပေမဲ့ ယနေ့အထိပြန်လည်လက်ခံတာ မရှိသေးဘူးလို့ ဒေသခံ မွတ်ဆလင်နဲ့ ဟိန္ဒူအသိုက်အဝိုင်းကနေ သိပါတယ်။

ဟိန္ဒူလူမျိုးခေါင်းဆောင် ဦးမောင်နီက “သူတို့ကပြန်လာချင်နေကြပြီ။ စာရင်းပေးပြီး လျှောက်လွှာ တင်ထားကြတာ။ ဘင်္ဂလားအစိုးရက ဘာကြောင့် အခုထိ ပြန်မပို့တာလည်း မသိဘူး။ မြန်မာဘက် ကတော့ ပြန်ဝင်မယ်လို့တော့ စာပို့ထားတာရှိတယ်”လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားတဲ့ ဟိန္ဒူ ၄၄၄ ဦးအနက် ၃၁၆ ဦး ပြန်လည်လက်ခံဖို့ စာရင်းပေးထားပြီးမူဆလင် ၇၁၁ ဦးပါဝင်ကြောင်း ပြန်လည်လက်ခံရေး   စာရင်းအရ သိရပါတယ်။

ကူတူပါလောင်ဒုက္ခသည်စခန်းမှ မာမတ်ရော်ချီးက “ဘင်္ဂလားအစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာဘက်ကို ပြန်ပို့ချင်တဲ့ ဆန္ဒမရှိကြဘူး။ ဘာဆာချာကျွန်းကိုပဲ ပို့ဖို့ပြင်ဆင်နေတာပဲ ရှိတယ်။ ကျနော်တို့ရဲ့ သဘောဆန္ဒကို မေးမြန်းတာ မရှိဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးအပါအဝင် ကောင်စီဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ရခိုင်ပြည်နယ်ကို ရောက်လာခဲ့ကြပြီး ပြန်လည်လက်ခံရေးကိစ္စရပ်‌တွေကို ဆွေးနွေးလုပ်ဆောင်ခဲ့ကြပါသေးတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့်  ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့နယ်တွေရှိ မွတ်ဆလင်ကျေးရွာ ၁၀၀ ကျော်က တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ထွက်ပြေးသွားခဲ့ကြရတဲ့ မွတ်ဆလင်ဒုက္ခသည် ၆ သိန်းနဲ့ ဟိန္ဒူ ၄၄၄ ဦးဟာ  အခုအချိန်အထိ သူတို့နေထိုင်ရာမူလနေရာတွေကို ပြန်မလာနိုင်ကြသေးတာပါ။

မြန်မာဘက်ကတော့  ပြန်လည်လက်ခံရေးစခန်း ၂ ခုဖြစ်တဲ့ တောင်ပြိုပြန်လည်လက်ခံရေးစခန်း၊ ငါးခူရပြန်လည်လက်ခံရေးစခန်းအပြင် လှဖိုးခေါင်ယာယီပြန်လည်လက်ခံရေးစခန်းတွေ အဆင်သင့်အနေအထားလုပ်ဆောင်ထားပါတယ်။

ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံဖို့ အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်ကတစ်ကြိမ် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်ကတကြိမ် နှစ်ကြိမ်တိုင်တိုင်ကြိုးစားခဲ့ဖူး‌ပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က တယောက်မှ ပြန်ပို့ပေးခဲ့ခြင်း မရှိသေးပါ။

ဓာတ်ပုံ- တောင်ပြိုပြန်လည်လက်ခံရေးစခန်းနှင့် ငါးခူရပြန်လည်လက်ခံရေးစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013