နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ အားလုံးကို မေတ္တာပို့ပေးနေတဲ့အကြောင်း၊ ပြည်သူတွေ တစ်ယောက်နဲ့ တစ်ယောက် ကူညီပေးကြဖို့နဲ့ အားလုံး စည်းလုံးညီညွတ်ဖို့ လိုတဲ့အကြောင်းတွေကို ပြောခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဇွန်လ ၁၃ ရက်နေ့ ရုံးထုတ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို အမှာစကားပါးလိုက်တာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
မနေ့က ဇွန်လ ၁၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့အပေါ်စွဲဆိုထားတဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိအမှုတွေအတွက် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။