DVB Logo
Home
Lead Story
ဂျပန်က နောက်ထပ် ဒေါ်လာ ၇၆ သန်း အကူအညီ ထပ်ပေး
DVB
·
March 25, 2014
ဂျပန်က နောက်ထပ် ဒေါ်လာ ၇၆ သန်း အကူအညီ ထပ်ပေး
1 / 2
Donate to DVB

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖူမီယို ကီရှီဒါ ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း မြန်မာ အစိုးရကို အထူးကူညီမှုအဖြစ် စီမံကိန်း ၆ ခုအတွက် အမေရိကန် ဒေါ်လာ ၇၆ သန်းနဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၈ ဘီလျံနီးပါး သဘောတူပေးအပ်ခဲ့တယ်လို့ မြန်မာ့သတင်းစဉ်က ထုတ်ပြန်ကြေညာပါတယ်။

[caption id="attachment_53835" align="alignleft" width="300"]ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံစဉ် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံစဉ်[/caption]

ဒီငွေတွေထဲက ဒေါ်လာ သန်း ၄၀ နီးပါးကို ရန်ကုန်- မန္တလေး ရထားလမ်း ဘေးအန္တရာယ်
လုံခြုံရေးအတွက် လိုအပ်တဲ့ စက်ကိရိယာတွေ တပ်ဆင်ရေး၊ ရန်ကုန် ဧရိယာ ရထားလမ်းတွေမှာ အချက်ပြစနစ်နဲ့ အခြား အီလက်ထရောနစ် စက်ကရိယာတွေ တပ်ဆင်ရာမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ကျန်ငွေတွေကိုတော့ ကယားပြည်နယ် လွိုင်ကော် ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးနဲ့ ဆေးဝါးဖြည့်တင်းရေး စီမံကိန်း၊ တိုင်းရင်းသား လက်နက်ကိုင် ဧရိယာတွေအတွင်း ထောက်ပံ့ရေး စီမံကိန်း၊ ဒုက္ခသည်စခန်းတွေက ယာယီအိမ်ရာ တည်ဆောက်ရေးနဲ့ ပြုပြင်ရေး၊ အမျိုးသမီးနဲ့ ကလေးတွေရဲ့ ကျန်းမာရေး စောင့်ရှောက်ရေးဆိုင်ရာ စီမံကိန်းတွေမှာ အသုံးပြုသွားမယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013