Home
မြန်မာသတင်း
ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ရွာလုံးကျွတ်ထွက်ပြေး
DVB
·
June 13, 2022
286345876_1106700363523569_3918252011266440096_n

ကေအန်ယူနယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ဒလဆိပ်ကျေးရွာအုပ်စု၊ လိန်ပင်ဝဲကျေးရွာကို  ဇွန် ၁၂ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် ဒေသခံပြည်သူ ၁၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာပြီး  ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

စစ်တောင်းမြစ်အနောက်ဘက်ကမ်း အင်းပရိကျေးရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်တွေက စစ်တောင်မြစ်အရှေ့ဘက်ကမ်းက အိမ်ခြေ ၂၅၉ လုံး၊  လူဦးရေ ၁၁၈၄ ဦးနေထိုင်တဲ့ လိန်ပင်ဝဲကျေးရွာအတွင်းကို လက်နက်ကြီး ၁၂၀-မမနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရွာသားတွေထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီးလူတွေထိမှန်တာ မရှိပေမဲ့ နွားတစ်ကောင် ထိမှန်သေဆုံးခဲတယ်လို့ ဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပိန်းဇလုပ်မြို့ကနေ အလယ်ကျွန်းကျေးရွာကို စစ်အင်အားတိုးချဲ့ဖို့လုပ်ဆောင်ရာမှာ အင်းပရိကျေးရွာကနေ လိန်ပင်ဝဲကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အပြင် မုန်းဘက်ကနေ ကျောက်ကြီးမြို့ကို စစ်အင်အားဖြည့်တင်းဖို့ စစ်ကား ၇ စီးဝင်ရောက်လာခဲ့ရာ  စစ်ယာဉ်တန်းနဲ့အတူ တချို့ကားတွေကို အလုံပိတ်ထားပြီး လူအင်အားအပြည့်လိုက်ပါလာခဲ့တာပါ။

ဇွန် ၁၁ ရက် မနက် ၁၀ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်းနက်ကျေးရွာအုပ်စု၊ နရွဲပင်ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ နှစ်ရက်ဆက်တိုက်ပစ်ခတ်ခဲ့လို့ နရွဲပင်ကျေးရွာ လူဦးရေ ၄၄၄ ဦးနဲ့ ကြို့ကုန်းကျေးရွာ လူဦးရေ ၅၄၈ ဦးတို့ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဇွန် ၁၀ ရက် မွန်းလွဲ ၂ နာရီလောက်က ကျောက်ကြီးမြို့၊ ဆိပ်ကြီးမှာအခြေချထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၆၀ တပ်ရင်းက ဗိုလ်ကြီးဇေယျာလင်း ဦးဆောင်ပြီး ငဗြက်အင်းကျေးရွာအနီးကို ၆၀ မမ လက်နက်ကြီးကျည် ၃ လုံး  ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024