DVB Logo
Home
မြန်မာသတင်း
၁ နှစ်​ကျော်ကြာ စစ်တပ်ဖမ်းထားသည့် မိုးဗြဲဘုရားကျောင်းစောင့်နှင့် မိသားစု အဆက်သွယ်မရ ဖြစ်နေ
DVB
·
June 13, 2022
၁ နှစ်​ကျော်ကြာ စစ်တပ်ဖမ်းထားသည့် မိုးဗြဲဘုရားကျောင်းစောင့်နှင့် မိသားစု အဆက်သွယ်မရ ဖြစ်နေ
Donate to DVB

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ မိုးဗြဲဘုရားကျောင်းစောင့် ၁ ဦးကို ၁ နှစ်​ကျော်ကြာအထိ အဆက်သွယ်မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ မိုးဗြဲကက်သလစ်ဘုရားကျောင်း အစောင့်အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်၊ ဇွန် ၄ ရက်နေ့က ဖမ်းဆီးသွားတာပါ။

အဲ့ဒီ ဘုရားကျောင်းစောင့် အမျိုးသား ၄ ဦးထဲက ၃ ဦးဟာ ပြန်လည်လွတ်မြောက်လာပြီး အသက် ၄၉ နှစ်အရွယ် ဦးမာကုကတော့ ၁ နှစ်ကျော်ကြာမြင့်တဲ့အထိ မိသားစုနဲ့ အဆက်သွယ်လည်း မရသလို ပြန်မလွတ်သေးဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။

"ဦးမာကု အသက် (၄၈) နှစ်၊ ပွဲကုန်း (၂) မှာနေတယ်။ သူကဘုရားကျောင်းစောင့်ကျန်ခဲ့ရင်း စစ်တပ်ကဝင် ဖမ်းသွားတာပါ။ သူက ရိုး ရိုးသာမန်အရပ်သားပါ။ ပြီးခဲ့တဲ့နှစ် ဇွန်လ ၄ ရက်နေ့က ဖမ်းခံရတာ။ သူနဲ့အတူဖမ်းခံရတဲ့ ၃ ဦးကတော့ ပြန်ရောက်လာပြီ။ သူကတော့ အခုချိန်ထိ အဆက်သွယ်မရသေးဘူး။ တောင်လေးလုံးထောင်မှာလို့လည်း ကြားတယ်။ ဟုတ်လား မဟုတ်လားလည်း မသိဘူး။ ပြန်လည်းလွတ်မလာသေးဘူး။”

စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဦးမာကုမှာ သားသမီးတွေရှိပြီး ဇနီးဖြစ်သူက ရှာဖွေကျွေးမွေးနေရကာ အိမ်ထောင်ဦးစီးဖြစ်သူရဲ့ အကျိုးအကြောင်းကို သိချင်တယ်လို့ ပြောပါတယ်။

“သူ သေသလား ရှင်နေသေးလား သိချင်တယ်။ စစ်တပ်က တရားစွဲထားတယ်ဆိုလည်း ဘာပုဒ်မနဲ့လဲ ဘယ်ထောင်မှာထားလဲ သိချင်တယ်။ အမြန်ဆုံး အဆက်အသွယ်ရဖို့ အကျိုးကြောင်း သိရဖို့ မျှော်လင့်တယ်”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မိုးဗြဲမြို့အတွင်းကို ရည်ရွယ်ချက်ရှိရှိလက် နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရသေဆုံးတာတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီး၊ ရိုက်နှက်၊ သတ်ဖြတ်၊ တရားစွဲ၊ ထောင်ချတာတွေလည်း ဆက်တိုက်ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013