DVB Logo
Home
မြန်မာသတင်း
မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် နေအိမ် ၁၁၀ ကျော် ပျက်စီးဆုံးရှုံး
DVB
·
June 13, 2022
မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် နေအိမ် ၁၁၀ ကျော် ပျက်စီးဆုံးရှုံး
Donate to DVB

စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ ဇွန် ၁၃ ရက်မနက်ပိုင်းက ဒေသခံပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာတွေဟာ ကုန်းမော်ကျေးရွာနဲ့ လက်ပန်တောကျေးရွာတို့မှ နေအိမ်အဆောက်အဦးတွေဖြစ်ပြီး ကုန်းမော်ကျေးရွာက အိမ်ခြေ ၇၀ ကျော်နဲ့ လက်ပန်တောကျေးရွာက အိမ်ခြေ ၄၀ ကျော်တို့ မီးလောင်ပျက်ဆီးခဲ့ကာ ပြည်သူတွေမွေးမြူထားတဲ့ ဝက်ကောင်ရေ ၅၀ ကျော်လည်း မီးလောင်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေမွေးမြူထားတဲ့ နွား ၅ ကောင်ကို စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ထားခဲ့သလို နွားအကောင် ၂၀ ကိုလည်း ယူဆောင်သွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်ခဲ့တဲ့ ဒေသခံပြည်သူ ၁ ဦးကလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားရှိတယ်လို့ ပြောပါတယ်။

မီးရှို့ဖျက်ဆီးခဲ့တာဟာ ဇွန် ၁၃ ရက် မနက်ပိုင်း ၁၁ နာရီလောက်မှာဖြစ်ပြီး အခုလို ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့အဖွဲ့ဟာ ကျော်ရွာကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့မနက်ပိုင်း ၈ နာရီလောက်က ကျော်ရွာကျေးရွာအတွင်းကနေ အခြားကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေ ကျော်ရွာကျေးရွာနဲ့ ကုန်းမော်ကျေးရွာအကြား လမ်းခုလပ်တနေရာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အခုလို အပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်အဆောက်အဦတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့မနက် ၈ နာရီခွဲလောက်မှာ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၀ နာရီခွဲလောက်မှာတော့ တိုက်ပွဲပြီးဆုံးသွားကြောင်း၊ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးလောက် ကျဆုံးခဲ့ပြီး PDF အဖွဲ့ဘက်က ၂ ဦးဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။

မင်းကင်းမြို့နယ်အတွင်းမှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေသလို ဇွန် ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရိက္ခာ ဆန်အိတ်တွေကို PDF အဖွဲ့တွေက သိမ်းယူထားတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013