DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဆိုင်များ ဆီပြတ်လပ်ပါက အရေးယူခံရမည်ဟု သတိပေး
DVB
·
June 13, 2022
စက်သုံးဆီဆိုင်များ ဆီပြတ်လပ်ပါက အရေးယူခံရမည်ဟု သတိပေး
Donate to DVB

စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ်ခဲ့ရင် အရေးယူခံရမယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က စက်သုံးဆီကုမ္ပဏီတွေနဲ့ အရောင်းဆိုင်တွေကို သတိပေးစာထုတ်ထားပါတယ်။

တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ စက်သုံးဆီ မပြတ်လပ်စေဖို့ တင်သွင်းတဲ့ ကုမ္ပဏီတွေ၊ Terminal ကုမ္ပဏီတွေ၊ စက်သုံးဆီဆိုင်တွေနဲ့ SME စက်သုံးဆီဆိုင်တွေအနေနဲ့ ကြိုတင်စီမံဆောင်ရွက်ထားရမယ်လို့ ဇွန် ၁၂ နေ့စွဲနဲ့ ထုတ်ပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။

မိမိဆိုင်မှာ  ဆီပြတ်လပ်မယ့်အခြေအနေဖြစ်လာရင်  အချိန်နဲ့ တပြေးညီတာဝန်ရှိသူတွေထံ ဆက်သွယ်တင်ဖို့နဲ့ ဒီလိုမဆောင်ရွက်ဘဲ ဆီပြတ်လပ်ခဲ့ရင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက  ထိုက်သင့်တဲ့ အရေးယူ ဆောင်ရွက်မယ်လို့ သတိပေးထားတာပါ။

အဲဒီလို MPTA ရဲ့သတိပေးချက်ဟာ  စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းအပေါ် ဖိအားပိုဖြစ်စေတယ်လို့  အဲဒီလုပ်ငန်းအသိုင်းအဝိုင်းက ဝေဖန်ပါတယ်။

အလတ်စား စက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးက “ဆီဆိုင်တွေ၊ အထူးသဖြင့် SME တွေက ခံဘက်ချည်းပဲ။ ရောင်းစရာမှ မရှိတာ” ပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းမှာ ဆီတင်သွင်းမှု လျော့နည်းလာလို့ ရန်ကုန်၊ မန္တလေးနဲ့ တခြားနယ်မြို့တွေမှာပါ ဆီဆိုင်တွေ ဆီပြတ်လပ်မှုတွေ မကြာခဏဖြစ်နေပြီး ဆီဈေးနှုန်းကြီးမြင့်တာ၊ လိုအပ်တဲ့ဆီအမျိုးအစားမရှိတာ၊ လိုသလောက် ဝယ်မရတာ၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းတန်းစီဝယ်ယူရတာ စတဲ့ အခက်အခဲတွေ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရရပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့  လောင်စာဆီတွေ အလျှံအပယ်သိုလှောင်ထားတာ ရှိတယ်လို့ ပြီးခဲ့တဲ့ ဇွန် ၁ ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းတဲ့ သတင်းထောက်ကို  စိန်ခေါ်ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013