DVB Logo
Home
မြန်မာသတင်း
Dhaka Tribune ရေးသားချက် အစိုးရ ကန့်ကွက်မည်
DVB
·
March 24, 2014
Dhaka Tribune ရေးသားချက် အစိုးရ ကန့်ကွက်မည်
Donate to DVB

စစ်တွေနဲ့မောင်တောနယ်တွေကို ရခိုင်ပြည်နယ်က ခွဲထုတ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း ပြည်နယ်နဲ့ ပူးပေါင်းရေး ပြည်သူ့ဆန္ဒခံယူခြင်းအားဖြင့် ရိုဟင်ဂျာပြဿနာကို ဖြေရှင်းလို့ ရနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက Dhaka Tribune သတင်းစာပါဆောင်းပါးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ သံတမန်ရေးအရ ကန့်ကွက်သွားမယ်လို့ နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_35152" align="alignleft" width="300"]ဦးရဲထွဋ် ဦးရဲထွဋ်[/caption]

မတ်လ ၂၀ ရက်နေ့ နေ့စွဲနဲ့ Dhaka Tribune သတင်းစာ အင်တာနက်ဆောင်းပါးမှာ ဆောင်းပါးရှင် Zeeshan Khan က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သတ်ပြီး စစ်တွေနဲ့မောင်တောနယ်တွေကို အစ္စလာမ်ဒါမှမဟုတ် ရိုဟင်ဂျာတွေကို နိုင်ငံသားအခွင့် အရေးမပေးဘူး၊ နိုင်ငံသားဖြစ်ခွင့်အသိအမှတ်မပြုဘူးဆိုရင် ယူကရိန်းနိုင်ငံ ကရိုင်းမီးယားမှာ ဆန္ဒခံယူပွဲလုပ်ပြီး ပြည်နယ်ခွဲထွက်သလို လုပ်လို့ရကြောင်း ခိုင်းနှိုင်းရေးသားထားတာပါ။

အခုလို Dahaka Tribune သတင်းစာပါဆောင်းပါးနဲ့ပတ်သတ်ပြီး အမျိုး၊ ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ကလည်း မတ်လ ၂၂ ရက်နေ့မှာ သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ MJA မြန်မာနိုင်ငံသတင်းစာဆရာအသင်းကလည်း သတင်းဆောင်းပါးဟာ ပြည်တွင်းရေးကို စွက်ဖက်ပြီး အချုပ်အခြာ အာဏာကို ထိပါးရာရောက်နေတဲ့အတွက် စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီဘူးဆိုပြီး မတ်လ ၂၂ ရက်နေ့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်ထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီဆောင်းပါးဖော်ပြချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ကန့်ကွက်ကြောင်း အကြောင်းကြားမယ့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ မြန်မာသံအမတ်ကြီးကတဆင့်လည်း ကန့်ကွက်ကြောင်း အကြောင်းကြားသွားမယ်လို့ သိရပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013