DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း ဖေ့စ်ဘွတ်ခ်သုံးသည့် ပြည်သူ ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီး
DVB
·
June 12, 2022
မကွေးတိုင်းအတွင်း ဖေ့စ်ဘွတ်ခ်သုံးသည့်  ပြည်သူ ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့  ဆောမြို့နယ်မှာ  ဒေသခံပြည်သူ  သုံးယောက်ကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက မမှန်သတင်းဖြန့်ဝေသူ၊ PDF သင်တန်းဆင်းလို့ စွပ်စွဲပြီး ဇွန် ၁၀ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

ပခုက္ကူမြို့ အမှတ်(၁) ရပ်ကွက်က ကိုထက်အောင်လင်း(ခ)အာကာမိုးမာန်ကို  ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာ မမှန်သတင်းဖြန့်ဝေပြီး အများပြည်သူထိတ်လန့်အောင် ပြောဆိုရေးသားတယ်လို့ စွပ်စွဲပြီး ဇွန် ၁၀ ရက် ညနေ ၅ နာရီခွဲလောက်မှာ   စစ်ကောင်စီတပ်တွေက နေအိမ်မှာ လာဖမ်းသွားကြတာလို့ ပခုက္ကူမြို့ခံတစ်ယောက်က ပြောပါတယ်။

ဒါအပြင် အမှတ် ၆ ရပ်ကွက် ၁၃ လမ်းမှာနေထိုင်တဲ့ ကိုသာရှိုင်းကိုလည်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာမမှန်သတင်းဖြန့်ဝေပြီး PDFကို ထောက်ခံအားပေးတဲ့စာတွေရေးသား ဖြန့်ဝေတယ်လို့ စွပ်စွဲပြီး ဇွန် ၁၀ ရက် ည ၈ နာရီလောက်မှာ စစ်ကောင်စီလက်ပါးစေတွေက နေအိမ်မှာ လာဖမ်းသွားကြတယ်လို့ ဆိုပါတယ်။

အလားတူ ဆောမြို့နယ် ထန်းတောလယ်ကျေးရွာက ကိုခိုင်လင်းကိုလည်း PDF သင်တန်းဆင်းလို့ စွပ်စွဲပြီး ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ပေါက်မြို့  အောင်တော်မူရပ်ကွက် မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးသွားကြတယ်လို့ ပေါက်မြို့ဒေသခံက ပြောပါတယ်။

ပေါက်မြို့နယ် ယာကြီးပြင်ရွာမှာ ဇွန် ၈ ရက် မနက်ပိုင်းကလည်း ဒေသခံပြည်သူ  ခြောက်ယောက်နဲ့ ဇွန် ၉ ရက် မနက်ပိုင်းမှာ ပြည်သူတယောက်ကို  ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့ပေးသူတွေလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်တွေက ဖမ်းစီးသွားတယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင်အတွင်းမှာ အခုနှစ်  ဖေဖော်ဝါရီလကနေ ယနေ့အချိန်အထိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မတရားစွပ်စွဲ ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်လောက်ရှိနေပြီး ပြီးခဲ့တဲ့ မေလအတွင်းမှာ ၈၀ ကျော်​လောက် မတရားဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝန်းက ပြည်သူတွေရဲ့ လူမှုကွန်ရက်အသုံးပြုမှုကို စောင့်ကြည့်ပြီး NUG/ PDF စတဲ့ သတင်းတွေကို Share လုပ်သူ၊ Like လုပ်သူ၊ Comment ရေးသားသူတွေကို နေ့စဉ် ပျမ်းမျှ ၁၀ ယောက်နှုန်းလောက်နဲ့  ဖမ်းဆီးအရေးယူနေတာဖြစ်ပါတယ်။   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013