DVB Logo
Home
မြန်မာသတင်း
လက်နက်အပ်နှံဝင်ရောက်သည့် PDF များကို ကြိုဆိုလက်ခံမည်ဟု စစ်ကောင်စီ ထုတ်ပြန်
DVB
·
June 12, 2022
လက်နက်အပ်နှံဝင်ရောက်သည့် PDF များကို ကြိုဆိုလက်ခံမည်ဟု စစ်ကောင်စီ ထုတ်ပြန်
Donate to DVB

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အပါအဝင် အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတော်ရဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ သတ်မှတ် စည်းကမ်းချက်နဲ့ အညီ ဥပဒေဘောင် အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်မယ်ဆိုပါက ကြိုဆို လက်ခံသွားမယ်လို့  အာဏာသိမ်းစစ်ကောင်စီက ဇွန် ၁၁ ရက်မှာ အသိပေး ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရ သဘောထား ကွဲလွဲမှုတွေကြောင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို ထိခိုက်ခဲ့ရကြောင်း CRPH နဲ့ NUG တို့ရဲ့ စည်းရုံးသိမ်းသွင်းခံထားရသူတွေဟာ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံပြီး လက်နက်ကိုင် ဆန့်ကျင်မှုတွေ ပြုလုပ်လာကြကြောင်းနဲ့ ဒီလို ဆောင်ရွက်နေမယ်ဆိုရင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီထွန်းကားရေးကို ထိခိုက် နှောင့်နှေးစေလိမ့်မယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို နိုင်ငံတော်တာဝန်အား လွှဲအပ်ပေးမယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထံ လာရောက်ခိုလှုံတဲ့ လက်နက်ကိုင်သင်တန်းဆင်း  PDF အဖွဲ့ဝင် အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက် စုစုပေါင်း ၅ ယောက်ကို  ဇွန် ၆ ရက်မှာ  မိဘအုပ်ထိန်းသူတွေထံ အခမ်းအနားနဲ့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။

CRPH နဲ့ NUG နဲ့ PDF အဖွဲ့တွေကို အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့  စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူတို့က ဆွေးနွေးစရာမရှိဘူးလို့ အကြိမ်ကြိမ်ပြောဆိုထားခဲ့ပြီး အခုအခါမှာတော့ PDF တွေကို ကြိုဆိုလက်ခံသွားမယ်လို့ ဖိတ်ခေါ်လာတာပါ။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013