DVB Logo
Home
မြန်မာသတင်း
သေဒဏ်ပေးရန် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲ၌ မေးခဲ့သည့် သတင်းထောက်၏ နေအိမ် ဗုံးကွဲ
DVB
·
June 11, 2022
သေဒဏ်ပေးရန် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲ၌ မေးခဲ့သည့် သတင်းထောက်၏ နေအိမ် ဗုံးကွဲ
Donate to DVB

ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ ဇွန် ၁၁ ရက် ဒီမနက်ပိုင်းက စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွေမှာ တက်ရောက်သတင်းယူလေ့ရှိတဲ့  သတင်းထောက်တယောက်ရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို  အမှန်တကယ်သေဒဏ်ပေးဖို့ ပြောခဲ့တဲ့ ရဲလင်းထွန်းရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဒေသခံတယောက်က "မနက် ၃ နာရီလောက်က  ရဲလင်းထွန်းအိမ်မှာ ဗုံးပေါက်တာ။ ပြီးခဲ့တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတက်ပြီး ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို သေဒဏ်ပေးဖို့ မေးခွန်းမေးတဲ့ Myanmar Nation Post က သတင်းထောက်ရဲလင်းထွန်းအိမ်မှာပေါက်တာပါ" လို့ ပြောပါတယ်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မင်္ဂလာသီရိလမ်းသွယ်၊ စိုးနန္ဒာကန် အနောက်ဘက်မှာရှိတဲ့ Myanmar Nation Post သတင်းထောက်ရဲ့ နေအိမ်ဗုံးပေါက်ကွဲပေမဲ့ သတင်းထောက် ရဲလင်းထွန်းကတော့ နေအိမ်မှာရှိမနေပါဘူး။

တခြားဒေသခံတစ်ဦးက “ဟိုးအရင်ကတော့ မဘသပွဲတွေမှာ ဆန္ဒလိုက်ပြတယ်။ နောက်ပိုင်း သတင်းထောက်ဖြစ်ပြီး စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတာပဲ။ သူ့အိမ်မှာ ဗုံးပေါက်တာ။ ထိခိုက်ပျက်စီးတာတော့မရှိဘူး။ သူကတော့ အိမ်မှာမနေရဲတာ ကြာပြီ" လို့ ပြောပါတယ်။

ရဲလင်းထွန်းအိမ် ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  ဆိပ်ကြီးခနောင်တိုမြို့ နယ်မှာ လမ်းသွားလမ်းလာတွေကို   စစ်ဆေးနေပါတယ်။

Photo-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013