DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် အေအေနှင့်ဆက်နွှယ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံရသူ ၇ ဦး အထိရှိလာ
DVB
·
June 11, 2022
ပလက်ဝတွင် အေအေနှင့်ဆက်နွှယ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံရသူ  ၇ ဦး အထိရှိလာ
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ   ရက္ခိုင့်တပ်တော်(အေအေ)နဲ့ဆက်နွှယ်တယ်လို့ စွပ်စွဲပြီး   စစ်ကောင်စီတပ်ကဖမ်းဆီးသွားတဲ့ ဒေသခံပြည်သူ အနည်းဆုံး  ၇ ယောက်ရှိလာပြီလို့  မြို့ခံတွေက ပြောပါတယ်။

ဇွန် ၈ ရက် ည ၇ နာရီကျော်လောက်က အသက် ၆၀ အရွယ် မြို့မရပ်ကွက်က ရာအိမ်မှူး  ဦးမောင်ဝင်းကို ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းက စစ်သားတွေ ဖမ်းဆီးသွားတာလို့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

"ရက္ခိုင့်တပ်တော်(အေအေ)နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးသွားတာလို့ ကြားတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။”

ပြီးခဲ့တဲ့ ဇွန် ၄ ရက်ကလည်း ပလက်ဝမြို့ မြို့မရပ်ကွက်က ဦးမောင်မဲကျော့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သလို မေလ ၂၆ ရက်ကလည်း  အဘောင်သားကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူး နှစ်ယောက်ကို  ၂၈၉ တပ်ရင်းက ဖမ်းဆီးခဲ့ပါတယ်။

ထိုနောက် ဆယ်အိမ်မှူး ၂ ယောက်ကို  ၂ ရက်အကြာမှာ ပြန်လွတ်ပေးခဲ့ပေမဲ့ နောက် ၃ ရက်အကြာမှာ အဘောင်သား ကျေးရွာသား နှစ်ယောက်ကို  ထပ်မံဖမ်းဆီးခဲ့ပါတယ်။

ပလက်ဝမြို့မှာ ရက္ခိုင်တပ်တော်(အေအေ)နဲ့ စပ်ဆက်တယ်ဆိုပြီး ဖမ်းဆီးခံရသူ ၇ ယောက်အထိ ရှိလာပေမဲ့  ၂ ယောက်သာ  ပြန်လည်လွတ်မြောက်လာသေးပါတယ်။ 

ပလက်ဝမြို့နယ် အဘောင်သားကျေးရွာအနီးမှာ မေလ ၂၆ ရက်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013