DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် CDF တိုက်ပွဲပြင်းထန်
DVB
·
June 11, 2022
ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် CDF တိုက်ပွဲပြင်းထန်
Donate to DVB

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ ဇွန် ၁၀ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးမဟာမိတ်တပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ စစ်ကောင်စီဘက်က ၁၅ ယောက်ထက်မနည်းသေဆုံးပြီး ၃၀ လောက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ကန်ပက်လက်ကနေ သိရပါတယ်။

ကန်ပက်လက်မြို့နယ် အထက်လက်မွန်ရွာနားမှာ ဇွန် ၉ ရက်ကဖြစ်ပွားခဲ့တဲ တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ဇွန် ၁၀ ရက်မှာ CDF-ကန်ပက်လက် တပ်ရင်း(၂)Vakok စခန်းနေရာကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ တနေကုန် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာလို့ CDF-ကန်ပက်လက်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“တိုက်ပွဲက မနက် ၇ နာရီကနေ ၉နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ကနေ ညနေ ၄ နာရီအထိတစ်ကြိမ် စုစုပေါင်း ၂ ကြိမ်ဖြစ်ပွားခဲ့ကြတာ။ စစ်(...)တွေဘက်က ၁၅ ယောက် ထက် မနည်း သေဆုံးပြီး အယောက် ၃၀ လောက်ဒဏ်ရာရရှိခဲ့ပြီး CDF-ကန်ပက်လက်က ရဲဘော် ၂ ယောက် ဒဏ်ရာရှိခဲ့တယ်”

CDF-ကန်ပက်လက် ၊PDF-ဆော တပ်ရင်း(၂)YRPA၊The Youth Force နဲ့ ညောင်းရမ်း-PDF တို့ပူးပေါင်းတပ်ဖွဲ့တွေဟာ လူအင်အား လက်နက်အင်အားချင်းမမျှလို တပ်ရင်း(၂)Vakok စခန်းကို လက်လွတ်ဆုံးရှုံခဲ့ရတယ်လို့ ​ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကျောက်ထုအမြှောက်တပ်နဲ့ မင်းတပ် ခလရ ၂၇၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာ ပစ်ကူပေးခဲ့ကြပြီး  တိုက်ပွဲဖြစ်ပွားရာ နေရာအနီးနားက ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဆိုးရွားတဲ့ ရာသီဥတုကို အံတုပြီး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားသေဆုံးတဲ့ အခြေအနေကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013