မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မိတ္ထီလာ-တောင်သာ-မြင်းခြံ ကားလမ်းပေါ်ရှိ မြို့နယ် မြေစာရင်းရုံးဝင်းအတွင်း ဇွန် ၉ ရက် မနက် ၁၁ နာရီကျော်က ဗုံးပေါက်ကွဲမှုကြောင့် မြေစာရင်းဦးစီးဌာန ဒုဦးစီးမှူး အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ရှိပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ဒုဦးစီးမှူး ဦးစောနိုင်ထွေးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ရင်ဘတ် ပေါက်ပြဲဒဏ်ရာ၊ လက်ထောက်ဦးစီးမှူး ဦးမင်းနိုင်မှာ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ၊ ဦးလှဝင်း ဆိုသူမှာ ဦးခေါင်းနဲ့ ပခုံး ပေါက်ပြဲဒဏ်ရာများ ရရှိကြပြီး စိုးရိမ်ရတဲ့အတွက် မိတ္ထီလာဆေးရုံကြီးမှာ တင်ပို့ ထားရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒါ့အပြင် လက်ထောက်ဦးစီးမှူး၊ မြေတိုင်းနဲ့ အုပ်ချုပ်ရေးမှူး စုစုပေါင်း ၄ ဦးမှာ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး တောင်သာဆေးရုံမှာ တင်ပို့ထားတယ်လို့ သိရပါတယ်။