Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်များ မိုင်းခွဲ တိုက်ခိုက်ခံရ
DVB
·
June 5, 2022

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ဇွန် ၄ ရက်က ယောဒေသပြည်သူ့ကာကွယ်ရေးစခန်းကို ဦးတည်လာနေတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့  YPDF တပ်ကပြောပါတယ်။ 

YPDF တပ်ရင်း (၁) တပ်ခွဲ (၂) စခန်းကိုတိုက်ခိုက်ဖို့အတွက် ဂန့်ဂေါမြို့ဘက်ကနေ  ဦးတည်လာတဲ့ စစ်ကောင်စီတပ်သား ၇၀ လောက်ပါတဲ့  ယာဉ်တန်းရဲ့ ရှေ့ပြေးအဖွဲ့ကို ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

YPDF ကြိုတင်သတင်း ရရှိခဲ့တာကြောင့် ပစ္စည်းတွေနဲ့ တပ်ခွဲမှူးအပါအဝင် ရဲဘော်အားလုံး ရှောင်နိုင်ခဲ့ပြီး တပ်ခွဲဝင်ပေါက် ထွက်ပေါက်တွေမှာ မိုင်းတွေ ထောင်ခဲ့တယ်လို့လည်း  YPDF ကပြောပါတယ်။

YPDF တပ်ဖွဲ့ဝင် တဦးက "သူတို့တပ်ရင်းကို ဝင်ရောက်ချိန်မှာ မိုင်းအနည်းဆုံး  ငါးလုံးလောက် ပေါက်ကွဲခဲ့တယ်။ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုတော့ မသိရှိရသေးဘူး။ မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ရှိခဲ့တယ်။ YPDF အနေနဲ့ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး"လို့ ပြောပါတယ်။

ပုလဲ - ဂန့်ဂေါလမ်းမပေါ်ရှိ မဲရွာအနီးမှာလည်း တပ်ခွဲ ၂ ရဲဘော်တွေက စစ်ကောင်စီတပ်တွေ လာရာလမ်းကို ပြောက်ကျားစနစ်နဲ့ ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီစစ်သား ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ YPDF  ကထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းသွားလာရာလမ်းတလျှောက်ရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့်  ပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြဖို့ YPDF က  အသိပေးထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024