Sunday, May 28, 2023
HomeLead Storyဟားခါးမြို့နယ် လေယာဉ်ပျက်ကျသတင်း အာဏာပိုင်များ စုံစမ်းဆဲ

ဟားခါးမြို့နယ် လေယာဉ်ပျက်ကျသတင်း အာဏာပိုင်များ စုံစမ်းဆဲ

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း လေယာဉ်တစီးပျက်ကျတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ပြည်နယ်တာဝန်ရှိသူတွေအနေနဲ့ စုံစမ်းအတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
ဟားခါးမြို့နယ် ဟိုင်ဖိုင်ကျေးရွာအုပ်စု ကေဘောရွာအနီး မတ်လ ၁၉ ရက်နေ့ ညနေ ၆ နာရီက လေယာဉ်တစီး ပျက်ကျတယ်လို့ သတင်းတွေထွက်နေပါတယ်။

ဒီအပေါ် ဟားခါးနဲ့ ဖလန်း ခရိုင် ရဲတပ်ဖွဲတွေ တောနင်းစုံစမ်းမှုလုပ်ပေမယ့် တစုံတရာ အတည်ပြုချက်မရသေးဘူးလို့ ချင်းပြည်နယ်ရဲတပ်ဖွဲ့က ရဲအုပ်သက်မိုးအောင်က ပြောပါတယ်။
“အဲဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဟားခါး၊ ဖလန်း နှစ်မြို့နယ်က ဦးစီးအဖွဲ့တွေ တောနင်းပြီးတော့ စုံစမ်းနေပါတယ်။ လက်ရှိအထိတော့ သတင်းအတည်ပြုလို့မရသေးပါဘူး။

အရပ်သတင်းအရ ဟားခါးမြို့နယ် ဟိုင်ဖိုင်ကျေးရွာအုပ်စု ကေဘောရွာအနီးမှာ ဖြစ်တယ်လို့ ကြားပြီး ၁၉ ရက်နေ့ ညနေ ၆ နာရီလို့ ပြောပါတယ်။ ဒီသတင်း လောလောဆည်အတည်ပြုလို့ မရသေးပါဘူး။ ကျနော်တို့ အနီးစပ်ဆုံ ကလေးကို စုံစမ်းကြည့်ရာမှာ လတ်တလော လေယာဉ်ငယ်လေယာဉ်ကြီး ပျောက်တာ မရှိဘူးလို့ သိရပါတယ်။

လေယာဉ်ပျက်ကျတဲ့သတင်းနဲ့ပတ်သက်လို့ မြန်မာ့လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကိုမေးမြန်းရာမှာတော့ မြန်မာ့လေကြောင်းက လေယာဉ်မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့နဲ့တော့ မပတ်သက်ဘူး။ ကျနော်တို့ဆီက လေယာဉ်တော့မဟုတ်ဘူး။ ကျနော်တို့ဆီက အော်ပရေးရှင်းလုပ်နေတဲ့ လေယာဉ်တစီးမှ မပျက်ပါဘူး။”
မြန်မာ့လေကြောင်းထိန်းသိမ်းရေးဌာနကို မေးမြန်းကြည့်ရာမှာလည်း ဒီသတင်းနဲ့ ပတ်သက်လို့ မြန်မာဘက်က လေယာဉ်ပျက်ကျတာမရှိကြောင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“အဲဒီသတင်းကို အင်တာနက်ပေါ်ကတော့ တွေ့တယ်။ ဒါပေမယ့် ကျနော်တို့ဆီက ဘာမှလည်း မကြားဘူး။ ဘယ်ကနေ ဘယ်လို သတင်းထွက်လဲတော့ မသိဘူး။ သူတို့ပြောတဲ့နေရာက နယ်စပ်ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ဆီကလေယာဉ်တော့ ဘာသံမှမကြားဘူး။ ဟိုဘက်နိုင်ငံက လေယာဉ်ဆိုရင်တော့ မပြောတတ်ဘူး။”

ဟားခါးမြို့နယ်တွင်း လေယာဉ်ပျက်တယ်တယ်ဆိုတဲ့ သတင်းထွက်ပေါ်တဲ့အချိန်ဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MH370 ကို မြန်မာလေကြောင်း ပိုက်နက်ထဲ ၀င်ရောက်ရှာဖွေဖို့ ခွင့်ပြုထားတဲ့အချိန်လည်း တိုက်ဆိုင်နေပါတယ်။

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ကို မြန်မာ့လေကြောင်း ပိုင်နက်ထဲမှာ ဝင်ရောက် ရှာဖွေဖို့အတွက် မတ်လ ၁၁ ရက်နေ့ကစပြီး ၇ ရက်ကြာ ခွင့်ပြုထားကြောင်း၊ အခုအချိန်အထိ အိန္ဒိယ၊ အမေရိကန်နဲ့ မလေးရှား လေတပ်က လေယာဉ်တွေ လာရောက်ခဲ့တာ ရှိကြောင်း မြန်မာ့ လေကြောင်း ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းဆွေထွန်းက မီဒီယာတွေကို ပြောဆိုထားပါ တယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular