Home
မြန်မာသတင်း
ရန်ကုန်မြို့က ဘုရားဖူးခရီးသည် ပြီးခဲ့တဲ့နှစ် ပမာဏထက်လျှော့ကျမှု မရှိ
DVB
·
March 21, 2014
ရွှေစက်တော်၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးခရီးစဉ်ကို သွားတဲ့ ခရီးသည်အရေအတွက်က လက်ရှိမှာဆိုရင် တစ်ပတ်ကို လူဦးရေ ၄ ထောင်ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ် ခရီးသွားဦးရေနဲ့ယှဉ်ရင် လျှော့ကျမှု မရှိတဲ့အကြောင်း ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်မှာရှိတဲ့ မြန်မာပြည်အနှံ့ဘုရားဖူး ခရီးသွား ၀န်ဆောင်မှုလုပ်ငန်းတွေက ပြောပါတယ်။ လက်ရှိအချိန်ကတော့ ခရီးသွားရာသီကာလတခု ဖြစ်တဲ့အပြင် ပညာရေးဆိုင်ရာ အတန်းတင် စာမေးပွဲတွေကလည်း အသီးသီးပြီးဆုံးသွားပြီဖြစ်လို့ ဘုရားဖူးခရီးသည်တွေရဲ့ ခရီးသွားလာမှုက နေ့စဉ်ရှိနေပါတယ်။ [caption id="attachment_53633" align="alignright" width="300"]ပုဂံ စေတီပုထိုးများ ပုဂံ စေတီပုထိုးများ[/caption]ဒါပေမယ့် လက်ရှိဝန်ဆောင်မှုပေးနေတဲ့ ခရီးစဉ်တွေထဲမှာဆိုရင် ရွှေစက်တော်နဲ့ အလောင်းတော် ကသဖ ခရီးစဉ်တွေကို သွားရောက်မှုက အခြားခရီးစဉ်တွေထက် ပိုများတဲ့အကြောင်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်က ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေက ပြောပါတယ်။ ဒါကြောင့် ဒီခရီးစဉ်တွေကို သွားရောက်မှုများရတဲ့ အကြောင်းနဲ့ပတ်သတ်ပြီး ရွှေထိပ်တန်း မြန်မာပြည် အနှံ့ဘုရားဖူးခရီးသွားလုပ်ငန်းပိုင်ရှင် ဦးလှိုင်ဝင်းရှိန်က ဒီဗွီဘီကို ပြောပါတယ်။ ဒါပေမယ့် ပြည်တွင်းက ဘုရားဖူးခရီးသွားတွေအနေနဲ့ ကိုယ်စုဆောင်းထားရှိတဲ့ ငွေကြေးနဲ့ချိန်ပြီး တော့ အများစုက ခရီးသွားကြရတာပါ။ ဒါကြောင့် ဘုရားဖူး ၀န်ဆောင်မှုလုပ်ငန်းတွေကလည်း ခရီးသည်နဲ့ ၀န်ဆောင်မှုလုပ်ငန်းအကြားမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမယ့် ၀န်ဆောင်မှုမျိုးနဲ့ ဆောင်ရွက်ပေးနေရတာဖြစ်တဲ့အကြောင်း ရွှေကြေးစည်ဘုရားဖူးခရီးသွားလုပ်ငန်းက မန်နေဂျာ ဦးအောင်ကို က ပြောပါတယ်။ ဒီ့ပြင် သင်္ကြန်ခရီးစဉ်အတွက်လည်း ပြည်တွင်းခရီးသွားလုပ်ငန်းတွေအနေနဲ့ အခုအချိန် ကတည်းက ခရီးစဉ်လမ်းကြောင်းတွေကို ရေးဆွဲထားပြီးဖြစ်သလို ၀ယ်ယူမှုတွေလည်း ရှိနေပြီး ဈေးနှုန်းကတော့ အမျိုးမျိုးရှိတဲ့အကြောင်း စိန်ဝင်းနဲ့ရောင်းရင်းများဘုရားဖူးခရီးသွား လုပ်ငန်းက မန်နေဂျာ ဦးမြင့်ဝင်းက ပြောပါတယ်။ လက်ရှိမှာတော့ ရွှေစက်တော်၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး ၄ ညအိပ် ၅ ရက် ခရီးစဉ်အတွက် လူတဦးကို ကျပ် ၅ သောင်းခွဲ ရှိပြီး ယင်းစားရိတ်က သင်္ကြန်ကာလမှာဆိုရင် ကျပ် ၁ သောင်းနီးပါး ထပ်တိုးဖို့ ရှိတယ်လို့လည်း သိရပါတယ်။ အသံဖိုင် နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024