Home
မြန်မာသတင်း
ကျောက်တော် မဟာမုနိဘုရားရင်ပြင်တွင် စစ်ကောင်စီတပ် တပ်စွဲ
DVB
·
May 28, 2022
284548194_751693612519701_973616853979215315_n

ရခိုင်ပြည်နယ်၊ ကျောက်တော်မဟာမုနိဘုရားရင်ပြင်တော်ပေါ်မှာ မေ ၂၇ ရက်ကစလို့ စစ်ကောင်စီတပ် တပ်စွဲထားတာကြောင့် ဘုရားဖူးတွေ၊ ဒေသခံတွေနဲ့ စျေးသည်တွေ စိုးရိမ်နေကြ တယ်လို့ ဒေသခံများထံမှသိရှိရပါတယ်။

မဟာမုနိ ဂေါပအဖွဲ့ဝင် တဦးက "ဘုရားရင်ပြင်တော်မှာ တပ်စွဲထားတာ။ ဘုရားဖူးတွေလည်း မလာရဲ ကြတော့ဘူး။ စျေးသူစျေးသားတွေလည်း လာမရောင်းရဲကြတော့ဘူး။ ဘုးရားနား နေသူတွေတောင် မနေရဲဖြစ်နေကြပြီး”လို့ ပြောပါတယ်။

ဘုရားရင်ပြင်တော်ပေါ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေဟာ အော်ဟစ်ဆူပူတာ၊ အသံချဲ့စက်နဲ့ သီချင်းဖွင့်တာအပါအဝင် ပတ်ဝန်းကျင်နေ ရခိုင်ဒေသခံတွေ အထိတ်တလန့် ဖြစ်စေဖို့  အကြောင်းမဲ့ သေနတ်ပစ်ဖောက်တာတွေပါ‌ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မဟာမုနိဘုရားရင်ပြင်တော်ပေါ်မှာ စစ်ကောင်စီတပ် တပ်စွဲထားသလို မေ ၂၆ ရက်ကစပြီး ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့က နေအိမ် နှစ်လုံးကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ ပြီးနောက် မြို့ပေါ်ရှိ နေရာ ၃ ခုမှာ စစ်ကောင်စီတပ်တွေ တပ်စွဲ စခန်းချထားတာကြောင့် ဒေသခံတချို့ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024