Home
စီးပွားရေး
စီဘီဘဏ်မှာ e - saving အကောင့် ၀န်ဆောင်မှုပေး
DVB
·
March 20, 2014
ဘဏ်စာအုပ် ကိုင်တွယ် သိမ်းဆည်းထားစရာမလိုတဲ့ eSaving အကောင့်တွေ စပြီး ဖွင့်နိုင်ပြီလို့ သမ၀ါယမဘဏ် (စီဘီ)ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြောပါတယ်။ မတ် ၁၉ ရက်နေ့က စီဘီဘဏ်ရုံးချုပ်မှာ ကျင်းပတဲ့ e - saving အကောင့် ၀န်ဆောင်မှု အသစ် စမိတ်ဆက်ပွဲမှာ သူက ခုလို ပြောလိုက်တာပါ။ [caption id="attachment_53565" align="alignright" width="300"]CB Bank CB Bank ရဲ့ eSavings service ၀န်ဆောင်မှုအသစ် မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနား[/caption] e - saving အကောင့် ဖွင့်လိုသူတယောက်ဟာ Gmail အကောင့်နာမည်၊ ကိုယ့်ရဲ့လက်မှတ်နဲ့ မှတ်ပုံတင်နံပါတ် ဖြည့်ထားရုံနဲ့ သုံးစွဲနိုင်မှာ ဖြစ်ပြီး နေ့စဉ်နဲ့ အပတ်စဉ် ကိုယ့်အကောင့်ထဲ ငွေလက်ကျန် ဘယ်လောက်ရှိတယ်၊ ဘယ်လောက် ငွေဝင်တယ်၊ ဘယ်နေရာကို ဘယ်လောက် လွှဲလိုက်တယ် ဆိုတာတွေကို e - statement နဲ့ အီးမေးလ် လိပ်စာကို ပို့ပေးမယ်လို့ ဦးဖေမြင့်က ပြောပါတယ်။ e - saving အကောင့်ကို မိုဘိုင်းဘဏ်စနစ်နဲ့ ပူးတွဲ အသုံးပြုနိုင်မှာ ဖြစ်ပြီး အေတီအမ် အကောင့်တွေကို ဖြစ်စေ၊ အခြားသူတယောက်ယောက် ရဲ့ အကောင့်ထဲကို ဖြစ်စေ ၂၄ နာရီ ငွေပို့တာနဲ့ ငွေလွှဲတာ အလွယ်တကူ လုပ်နိုင်မယ်လို့ ဆိုပါတယ်။ e - saving အကောင့်နဲ့ ပတ်သက်ပြီး ငွေကြေးနဲ့ အချက်အလက် လုံခြုံရေးကိုလည်း အာမခံတယ်လို့ ဦးဖေမြင့်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024