Home
မြန်မာသတင်း
မြစ်ကြီးနားတွင် အမျိုးသား ၁ ဦး ဆိုင်ကယ်လုယက်ခံရပြီး ဓားဖြင့်ထိုးသတ်ခံရ
DVB
·
May 26, 2022
284077349_574049080809233_7295970745548322379_n

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ  မေ ၂၆ ရက် ဒီနေ့မနက်က အမျိုးသားတယောက် ဆိုင်ကယ်လုယက်ခံရပြီး ဓားနဲ့ထိုးခံရကာ သေဆုံးသွားတယ်လို့ လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။

အသက် ၄၀ နှစ်အရွယ်လောက်ရှိ အမည်မသိ အမျိုးသားတယောက်  စီတာပူရပ်ကွက် ဒူဝါဇော်ရစ်လမ်းဆုံက အမှိုက်ပုံနားမှာ ဓားထိုးခံရတဲ့ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

သေဆုံးသူရဲ့ဖုန်းနဲ့ မိသားစုကို ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားခဲ့တာ မရှိတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ အလောင်းကို အပ်ထားခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ အခုကာလအတွင်း လုယက်မှု၊ ခိုးမှု၊ သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားနေပြီး မတ် ၂၄ ရက်ကလည်း ရမ်ပူရပ်ကွက်က သံတိုသံစလိုက်ဝယ်တဲ့ အမျိုးသမီးတယောက်ကို  မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ လူငယ်က လုယက်ရာမှာ ငွေမပေးလို့ ဓားနဲ့ထိုးခံရပြီး သေဆုံးသွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024