Home
စီးပွားရေး
မြန်မာ့ဆက်သွယ်ရေး ၂၀၁၅-၁၆ တွင် ကော်ပိုရေးရှင်း ပြောင်းမည်
DVB
·
March 20, 2014
4608782_orig
အစိုးရက လုပ်ကိုင်နေတဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဝန်ကြီးဌာနက လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပြီး လာမယ့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ကျရင်တော့ နိုင်ငံတော်ဘတ်ဂျက်ကို ရယူအသုံးပြုခြင်း မပြုတော့တဲ့ ဆက်သွယ်ရေးကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်း လုပ်ကိုင်သွားမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးဝင်းသန်းက ပြောပါတယ်။ 4608782_origမတ် ၁၉ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းတွေရဲ့ နှစ်အလိုက် လျော့ချဆောင်ရွက်မယ့် လုပ်ငန်းစီမံချက် အခြေအနေ တင်ပြရာမှာ သူက ခုလို တင်ပြသွားတာပါ။ လာမယ့် ဘဏ္ဍာရေးနှစ်အတွင်း ဂျီအက်စ်အမ် မိုဘိုင်းတာဝါတိုင် တည်ဆောက်တာ၊ ဖိုင်ဘာဆက်သွယ်တာ၊ BTS စခန်းတွေ တည်ဆောက်တာနဲ့ ပါဝါ တပ်ဆင်တာစတဲ့ အခြေခံ အဆောက်အဦတွေ တည်ဆောက်သွားမယ်လို့ ပြည်ထောင်စုဒုဝန်ကြီးက ရှင်းပြခဲ့ပါတယ်။ လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ နော်ဝေအခြေစိုက် တယ်လီနော်နဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီတို့ဟာ အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့် ရထားကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024