Home
မြန်မာသတင်း
ထိခိုက်ဒဏ်ရာရ တော်လှန်ရေးရဲဘော်များနှင့် စစ်ရှောင်များအတွက် အရေးပေါ်ဆေးဝါး လိုအပ်နေ
DVB
·
May 26, 2022
282312656_533061298462544_681643116104869231_n
283591129_533061858462488_7810687196662258887_n

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အခြေစိုက် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိထားတာတွေ ကုသဖို့ အရေးပေါ်ဆေးဝါးတွေ လိုအပ်နေလို့ ကလေးပြည်သူ့ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။

လက်ရှိအချိန် ကလေးမြို့နယ်တောင်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကြား နေ့စဉ် ထိတွေ့မှုတိုက်ပွဲတွေ ပြင်းထန်လျက်ရှိရာ ထိခိုက်ဒဏ်ရာရရှိတဲ့ တော်လှန်ရေးရဲဘော်တွေအပါအဝင် စစ်‌ဘေးရှောင် ပြည်သူတွေအတွက် အ‌ရေးပေါ်ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ လိုအပ်နေတယ်ကြောင့် လာရောက်ဆက်သွယ်ပြီး ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

တပ်ရင်းထဲမှာ ထိခိုက်ဒဏ်ရာရတဲ့ တပ်သားတွေ များပြားနေပြီး ပြည်သူလူထုက လှူဒါန်းမှသာ တပ်သားတွေက ကျန်းမာ‌ရေးကောင်းစွာတိုက်ခိုက်နိုင်မှာကြောင့် ပြည်သူတွေက နည်းသည်စေ၊ များသည်ဖြစ်စေ ပါဝင်ပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံကြောင်း၊ အရင်ပံ့ပိုး‌ပေးတဲ့ ပြည်တွင်း ပြည်ပမှ အလှူရှင်တွေကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ကလေး PDF ရဲ့ တပ်သားတဦးက ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်တွေဟာ ကလေးနယ်တောင်ပိုင်းကို သာလွန်အင်အားသုံးကာ ထိုးစစ်ဆင်နေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။

လက်ရှိမှာတော့ ကလေးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကြား စစ်ရေးတင်းမာနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ကလေး-ဂန့်ဂေါ လမ်းပိုင်းကို အသုံးမပြုကြဖို့ကိုလည်း ကလေး PDF က အသိပေးထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024