ဥရောပ၏အမြင့်ဆုံး အီတလီနိုင်ငံရှိ မီးတောင်ရှင် ပေါက်ကွဲ

ဥရောပရဲ့ အမြင့်ဆုံး မီးတောင်ရှင်ဖြစ်တဲ့ အီတလီနိုင်ငံက အတ္တနာ မီးတောင်ဟာ မေ ၂၀ ရက်က စပြီး ချော်ရည်ပူတွေနဲ့ မီးခိုးအူတိုင်တွေ မီတာ အတော်များများ ပန်းထွက်နေပါတယ်။

ညဘက်မှာ ချော်ရည်နီတွေက တောင်စောင်းအတိုင်း စီးဆင်းလာပြီး ခြင်္သေ့တောင်ကြားဆီ ဦးတည်နေပါတယ်။

၃၃၃၀ မီတာ မြင့်တဲ့ မီးတောင်ဟာ တနှစ်ကို အကြိမ်ရေ အတော်များများအထိ ရှုခင်းလှလှတွေ ကို ဖန်တီးပေးနေတာပါ။ မြေထဲပင်လယ်ထဲက စစ္စလီကျွန်းပေါ်မှာ ချော်မှုန်တွေ ပြာတွေကို မှုတ်ထုတ်ထားပါတယ်။

စစ္စလီကျွန်းရဲ့ ကာတာနီယာမြို့ပေါ်မှာရှိတဲ့ အတ္တနာ မီးတောင်ဟာ မကြာခဏ ပေါက်ကွဲလေ့ ရှိပေမယ့် အပျက်အစီးဖြစ်တာ ရှားပါတယ်။

မီးတောင်ပေါက်ကွဲမှုကို ခရစ်တော် မပေါ်မီ ၄၂၅ နှစ်မှာ စတင် မှတ်တမ်းတင်ခဲ့ပေမဲ့ တခြား ဘယ်မီးတောင်ထက်မဆို ပေါက်ကွဲမှု စံချိန် အရှည်ဆုံးရှိတဲ့ တောင်အဖြစ်လည်း ယုံကြည် ထားကြပါတယ်။

//
More News
Up