Home
မြန်မာသတင်း
ပခုက္ကူမြို့က ပြည်သူ ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
May 23, 2022
282516549_147425514528820_9205963014576459411_n

မကွေးတိုင်း ပခုက္ကူမြို့မှာ မေလ ၂၁ ရက်နေ့က အမျိုးသားတယောက်နဲ့ အမျိုးသားနှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်တပ်နဲ့ပျူစောထီးတွေက မေ ၂၁ ရက် မနက် ၉ နာရီလောက်မှာ ပခုက္ကူမြို့၊ အမှတ် ၃ ရပ် ကွက်၊ (ဂ) ကွင်း၊ ၇ လမ်းက မအေးအေးမာကို PDF ထောက်ခံအားပေးပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မမှန်သတင်းဖြန့်ဝေတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့ အမှတ် ၁၁ ရပ်ကွက် ၇ လမ်းက ဦးအောင်ကျော်(ခ)ဦးကျော်သက်နဲ့ အမှတ် ၁၀ ရပ်ကွက် ရန်အောင်လမ်းက ဒေါ်တိုးကြည်တို့ကို စစ်အာဏာရှင် ဆန်ကျင်ရေး ဆန္ဒပြပွဲ ဦးဆောင်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးသွားကြတာလို့ ဆိုပါတယ်။

“ပခုက္ကူခရိုင်အတွင်းမှာဆိုရင် အပြစ်မဲ့ ပြည်သူတွေ ဆက်တိုက်ဖမ်းဆီးခံနေရတာဗျ။ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွေကို ရည်ရွယ်ချက်ရှိရှိ စောင့်ကြည့်နေတာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ အထူးဂရုစိုက်ဖို့လိုအပ်တယ်။ အဖမ်းခံရပြီဆိုတာနဲ့ စစ်ကြောရေးကို ပို့ပြီး နည်းအမျိုးမျိုးနဲ့ နှိပ်စက်ခံရမှာ။ သူတို့နှိပ်စက်တာ မခံနိုင်တော့ ပြစ်မှုမကျူးလွန်ဘဲနဲ့ ဝန်ခံလိုက်ရတဲ့ ဖြစ်စဥ်တွေလည်းရှိတယ်။ ဘာသက်သေအထောက်ထားမှမရှိဘဲနဲ့လည်း ဒလန်တွေက သတင်းပို့တာနဲ့ ဆက်တိုက်ဖမ်းဆီးနေကြတာ။”

မကွေးတိုင်းအတွင်းက မြို့ဝင်မြို့ထွက်ဂိတ်တွေမှာလည်း အခုလအတွင်း စစ်ကောင်စီတပ်သားတွေ တင်းတင်းကြပ်ကြပ် ပိတ်ဆို့စစ်ဆေးနေသလို အပြစ်မဲ့ ပြည်သူ ၆၀ ကျော်လောက်ကိုလည်း နည်းအမျိုးမျိုးနဲ့ စွပ်စွဲပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024