Home
သတင်းဓာတ်ပုံ
မိုးရွာသွန်းပြီး သောင်းရင်းမြစ်ရေမြင့်တက်မှုကြောင့် မြဝတီမြို့ရပ်ကွက်အချို့ ရေကြီး (ဓာတ်ပုံ)
DVB
·
May 22, 2022
281145039_2177086549122762_7796161000028164002_n
280780651_1037410370315035_651111964146312571_n
280741064_537899567997336_8471281400414667217_n
280614023_963242764347581_5592882015489979483_n
280613722_412751054025742_6028692318450233320_n
280189729_522276992934036_2595358750463177077_n

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ မေ ၂၀ ရက်နေ့စတင်က ၂ ရက်ဆက် မိုးရွာသွန်းပြီး‌ သောင်ရင်းမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက်အချို့မှာ ရေကြီးရေလျှံဖြစ်နေပြီး ပြည်သူတွေ ရေဘေးတိမ်းရှောင်နေရပါတယ်။

ရေကြီးမှုကြောင့် မြဝတီမြို့အမှတ် ၁ ရက်ကွက် နဲ့ ရပ်ကွက် ၅ က ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအပါအဝင် ပြည်သူတွေဟာ အမှတ် ၅ ရပ်ကွက် အထက ၃ စာသင်ကျောင်းမှာ ယာယီနေထိုင်နေကြတယ်လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။

ကုန်းတွင်းမုန်တိုင်းငယ်ဟာ မေလ ၂၀ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် လေပြင်းနဲ့အတူ မိုးရွာသွန်းခဲ့တာကြောင့် ကရင်ပြည်နယ် လှိုင်းဘွဲ့၊ မြဝတီ စတဲ့ မြို့နယ်တွေမှာ သစ်ပင်တွေလဲကျတာတွေရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။

မိုးရက်ဆက်ရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံ တာ့ခ်ရိုင် မဲဆောက်မြို့ နေရာအချို့မှာလည်း ရေကြီးနေပြီး ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ထိုင်းစစ်တပ်ကများမှ လိုက်လံကူညီပေးနေကြပါတယ်။

မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ် ၁ တံတားအနီး  ပျံကျစျေးမှာလည်း ဈေးဆိုင်တဝက်လောက်သာ ဖွင့်ထားကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024