အိမ်ရာ တည်ဆောက်ရေး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်
DVB
·
March 19, 2014

ရန်ကုန်မြို့မှာ အိမ်ရာလိုအပ်ချက်များစွာ ပေါ်ပေါက်နေပြီး အစိုးရကရော၊ ပြည်တွင်း ပုဂ္ဂလိကပိုင်းကပါ မဖြည့်ဆည်းနိုင်တဲ့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ပါတယ်လို့ မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနရဲ့ ညွှန်မှူး ဒေါ်အေးအေးမြင့်က ပြောပါတယ်။
မတ် ၁၈ ရက်နေ့က ရန်ကုန် ကုန်သည်ကြီးများဟိုတယ်မှာ ကျင်းပနေတဲ့ မြန်မာ့ အခြေခံအဆောက်အဦ အစည်းအဝေးမှာ သူက ခုလို ဖိတ်ခေါ်လိုက်တာပါ။
ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ရန်ကုန်မှာ အိမ်ရာ လိုအပ်ချက် ၁ နှစ် အခန်းပေါင်း ၂ သောင်းခွဲလောက် ရှိပေမယ့် လက်တွေ့မှာ ၁ နှစ် အခန်းပေါင်း ၇ ထောင်ကျော်နဲ့ ညီမျှတဲ့ အခန်းစုစုပေါင်း ၃ သောင်း ၆ ထောင်ကိုပဲ ဖန်တီးပေးနိုင်တယ်လို့ သူက ပြောပါတယ်။
အဲဒီ အထဲမှာမှ အစိုးရက ၃၀ ရာခိုင်နှုန်းလောက်ပဲ ဖော်ထုတ်နိုင်ပြီး ပုဂ္ဂလိကပိုင်းက ၇၀ ရာခိုင်နှုန်းလောက် ဖော်ထုတ်ပေးခဲ့တာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
ခုဆို အိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းမှာ နိုင်ငံခြားကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံနိုင်အောင် ဥပဒေပိုင်းဆိုင်ရာတွေ ဆောက်ရွက်နေပြီလို့ ဒေါ်အေးအေးမြင့်က ပြောပါတယ်။
