Home
မြန်မာသတင်း
ရေစကြိုနှင့် ဆောမြို့နယ်က အပြစ်မဲ့ လူငယ် ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
May 21, 2022
281064141_146900947914610_750589816925622146_n

မကွေးတိုင်း ရေစကြိုမြို့နယ်နဲ့ ဆောမြို့နယ်တွေမှာ မေ ၁၉ ရက်နေ့က ခရီးသွားလာတဲ့ လူငယ် ၃ ယောက်ကို စစ်ကောင်စီတပ်က PDF ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြို-ပခုက္ကူကားလမ်းမှာ မေ ၁၉ ရက်နေ့ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းအဖွဲ့တွေက ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ပြီး ကိုကျော်သူရနဲ့ ကိုဝင်းထက်စိုးတို့ မောင်းလာတဲ့ ဆိုင်ကယ်တွေကို တားပြီး ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ရေစကြိုမြို့ခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။

ရေစကြို PDF ရဲ့တာဝန်ရှိသူတယောက်က "အဲဒီကလေး ၂ ယောက်ကို သိတောင်မသိဘူး။ ကျနော်တို့ PDF တပ်ဖွဲ့နဲ့လည်း ဘာအဆက်စပ်မှမရှိဘူး။ စစ်(...)တွေက မြင်မြင် သမျှလူငယ်တွေကို PDF လို့စွပ်စွဲပြီး ဆက်တိုက်လိုက်ဖမ်းနေတာ။ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးမယ်။ မဟုတ်ဘူးဆိုရင် ငွေညှစ်ပြီး ပြန်လွှတ်ချင်လွှတ်မယ် အဲဒီလိုခွင်ရိုက်နေကြတာ” လို့ ပြောပါတယ်။

ဆောမြို့နယ် လောင်းရှည်ကျေးရွာမြောက် ဘက်စလင်းချောင်းတံတားထိပ်မှာလည်း ညနေ ၄ နာရီလောက်က ဆိုင်ကယ်နဲ့ ရေပိုက်သွားဝယ်တဲ့ ကိုနိုင်းထန်းကိုလည်း PDF ဆိုပြီး မတရားစွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားကြတယ်လို့ ဆောမြို့ဒေသခံတစ်ယောက်က ပြောပါတယ်။

“သူတို့တွေက မြင်မြင်သမျှပြည်သူတွေကို PDF လို့စွပ်စွဲပြီး ဖမ်းတော့တာ။ ခိုင်လုံတဲ့ သက်သေအထောက်ထားလည်း ဘာမှတွေတာမဟုတ်ဘူး။ စစ်ကြောရေးကိုပို့ပြီး ညှဉ်းပန်းနှိပ်စက်ပြီး အတင်းဝန်ခံခိုင်းကြမှာဗျ။ ဒါကတော့ ပြည်သူလူထုကို တမင်သက်သက် ဒုက္ခပေးတာပဲ” လို့ ပြောပါတယ်။

မကွေးတိုင်းအတွင်းက မြို့ဝင်မြို့ထွက်ဂိတ်တွေမှာလည်း အခုလအတွင်း စစ်ကောင်စီတပ်သားတွေ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ စစ်ဆေးနေသလို အပြစ်မဲ့ ပြည်သူ ၆၀ လောက်ကို နည်းအမျိုးမျိုးနဲ့ စွပ်စွဲ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024