လီဗာပူးပရိသတ်ထံမှ စာတိုများလက်ခံရရှိကြောင်း ဗီလာကွင်းလယ်လူ ကော်တင်ဟို ပြော

မန်စီးတီးနဲ့ ကစားမယ့် ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မတိုင်ခင်မှာ လီဗာပူးပရိသတ်တွေဆီကနေ စာတိုတွေ အများအပြားလက်ခံရရှိခဲ့တယ်လို့ ဗီလာကွင်းလယ်လူ ကော်တင်ဟိုက ပြောပါတယ်။ 

လီဗာပူးကစားသမားဟောင်း ကော်တင်ဟိုဟာ မန်စီးတီးနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားဖို့ရှိပြီး အနိုင်ကစားပေးဖို့ လီဗာပူးပရိသတ်တွေက ဆိုရှယ်မီဒီယာတွေကနေ တိုက်တွန်းတဲ့စာတွေ ရေးသားပေးပို့ခဲ့ကြတာပါ။ 

လီဗာပူးအသင်းဟာ မန်စီးတီးနဲ့ တမှတ်သာကွာဟနေပြီး မန်စီးတီးခြေချော်မှသာ ချန်ပီယံဆုကို ရယူနိုင်ဖို့ အခွင့်အရေးရှိမှာဖြစ်ပါတယ်။ 

“ကျနော့်ရဲ့အသင်းသစ်ရဲ့ အကျိုးအတွက်ပဲ ကြည့်သွားရမှာပါ။ အသင်းအတွက် အကောင်းဆုံးကစားသွားချင်တယ်။ ဆိုရှယ်မီဒီယာတွေကနေတဆင့် လီဗာပူးပရိသတ်တွေရဲ့ စာတိုတွေ အများကြီးလက်ခံရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဲဒီအပေါ် သိပ်ပြီးအာရုံမထားပါဘူး။ ကျနော် အာရုံစိုက်ထားတာက ကျနော်တို့ ကစားရမယ့်ပွဲစဉ် အတွက်ပဲရှိပါတယ်။ စီးတီးက ကမ္ဘာ့အကောင်းဆုံးအသင်းတသင်းဖြစ်လို့ အမြဲတမ်းခက်ခဲမှာပါ” လို့ ကော်တင်ဟိုက ပြောပါတယ်။

အသက် ၂၉ နှစ်ရှိ ဘရာဇီးကွင်းလယ်လူဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ လီဗာပူးမှာ ကစားခဲ့သူဖြစ်ပါတယ်။ 

//
More News
Up