Home
မြန်မာသတင်း
ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ရွာသား ၂ ဦး ဒဏ်ရာရ
DVB
·
May 21, 2022
280772626_5287182794672912_8406268558226617794_n
282558609_5287189288005596_8637519006903315727_n

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ မေ ၂၀ ရက် မနက် ၁၁ နာရီကျော်လောက်ကစပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်လို့  နရွဲပင်ကျေးရွာနေ  ရွာသား  ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မေလ ၁၂ ရက်ကလည်း  ခမရ ၃၄၉ တပ်က ဒရုန်းနဲ့ ၆၀ မမကို ကျေးရွာတွင်း ပစ်ချခဲ့တာကြောင့် အင်းနက်ကျေးရွာအထက် ဘုန်းကြီးကျောင်းအနီး  အသက် ၈ နှစ်အရွယ် မထက်ထက်စံ ဘယ်ဘက်ရင်အုံ ပေါက်ထွက်ပြီး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ 

ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ ကျေးရွာအတွင်း ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲထားပြီး ဘာသာရေးနဲ့ ပရဟိတကားတွေကို အသုံးပြုပြီး မြို့တွင်း လှည့်လည်တတ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024