Home
မြန်မာသတင်း
မော်လမြိုင်နှင့် ပေါင်မြို့နယ်တွင် မုန်တိုင်းကြောင့် နေအိမ်များပျက်စီး၊ ဒေသခံများ လေဘေးသင့်
DVB
·
May 20, 2022
281832431_1882993935364866_618676547679238070_n
280782371_1882995062031420_6791385252625179609_n
280769391_1882995535364706_6005635778512475287_n
280766429_1882995585364701_9196149112324003131_n
280942996_1882994232031503_2048075621470644147_n
283096164_1882994272031499_2380261290992295336_n
280949592_1882995622031364_6161281937941640040_n
282383725_1882994408698152_3943033054030735962_n
281030518_1882994448698148_2574404828977714681_n
280777393_1882995675364692_395314476134621596_n
280879155_1882995725364687_4513810926912846124_n
280931381_1882995842031342_5691446177696182688_n

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နဲ့ ပေါင်မြို့နယ်တို့မှာ မေလ ၂၀ ရက် နေ့လယ်ပိုင်းက မုန်တိုင်း ဝင်ရောက်လာတဲ့အတွက် နေအိမ်တွေ အဆောက်အအုံတွေ  ပြိုကျပျက်စီးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

လေပြင်းမုန်တိုင်းကြောင့် မော်လမြိုင်ရဲ့ သာယာအေးနဲ့ ဇေယျာသီရီရပ်ကွက်တို့မှာ လူနေအိမ် ၁၀ လုံးထက်မနည်း ပြိုကျပျက်စီးခဲ့သလို ပေါင်မြို့နယ်မှာ လူနေအိမ်တွေ၊ ဈေးဆိုင်ခန်းတွေနဲ့ ကျေးလက်ဆေးပေးခန်း အုတ်နံရံ ပြိုကျ ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် မော်လမြိုင်မြို့ တောင်ဝိုင်းရပ်မှာလည်း လျှပ်စစ်ဓာတ်မီးတိုင် ၁၀ တိုင်ထက်မနည်း လဲကျပျက်စီးခဲ့သလို ဈေးဆိုင်ခန်းတချို့နဲ့  အဆောက်အအုံ အမိုးလန်တာတွေလည်း ရှိပါတယ်။

မုန်တိုင်းကြောင့် လူနေအိမ်ပျက်စီးသွားတဲ့ မော်လမြိုင်မြို့က ဒေသခံပြည်သူ ၆၀ ကျော်ကို လတ်တလောမှာ သယာအေးဝဲကြီးကွေ့ ဓမ္မာရုံကို အရေးပေါ် ရွှေ့ပြောင်းထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မိုးဇလဌာကတော့ မော်လမြိုင်မြို့ကို ဦးတည်ပြီး ဝင်ရောက်နေတဲ့ မုန်တိုင်းငယ်ကို မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်မှ အနီရောင်အဆင့်ကနေ အညိုအဆင့် သတ်မှတ်ထားပါတယ်။

မုန်တိုင်းငယ် အရှိန်ကြောင့် မွန်ပြည်နယ်ရဲ့ မော်လမြိုင်၊ချောင်းဆုံ၊ ကျိုက်မရော၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ သစ်ပင်ကြီးတွေနဲ့ ဓာတ်မီးတိုင်တွေ လဲကျပျက်စီးတာတွေ ရှိနေသလို လမ်းပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်နေတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024