မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး ဓာတ်ပုံပြပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသရှိ ရှေးဟောင်းအမွေအနှစ်တွေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ဓာတ်ပုံပြပွဲတခုကို ဒီနေ့ ပြုလုပ်ပါတယ်။

“အနဂ္ဃရတနာမြေ” မြောက်ဦးဓာတ်ပုံပြပွဲလို့ အမည်ပေးထားတဲ့ ဒီပွဲကို စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမမှာ ပြုလုပ်နေတာပါ။

ဒီပြပွဲကို စစ်ကောင်စီလက်အောက်ခံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ရခိုင်ပြည်နယ်အစိုးရတို့က ပူးပေါင်းကျင်းပနေတာဖြစ်ပြီး မေ ၂၁ ရက် မနက်ဖြန်ညနေထိ ပြသသွားမှာဖြစ်ပါတယ်။

ဒီပြပွဲမှာ မြောက်ဦး ရှေးဟောင်းနယ်မြေကို ဓာတ်ပုံဆရာ ၁၈ ဦးက ရိုက်ကူးထားတဲ့ ဓာတ်ပုံပေါင်း ၁၂၀ ကျော်ကို ခင်းကျင်းပြသ ရောင်းချနေတာပါ။

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ဝင်ရောက်နိုင်ရေး အဆိုပြုလွှာကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့က တင်သွင်းခဲ့ပြီး လာမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာ ပညာရှင်တွေက မြောက်ဦးကို လာရောက်ကွင်းဆင်း လေ့လာကြမယ်လို့ သိရပါတယ်။

//
More News
Up