မန္တလေးတိုင်း မိုးကုတ်မြို့ မင်းတံတားရပ်ကွက်က တံတားအနီးမှာ မေ ၁၉ ရက်နေ့ နေ့ခင်း ၂ နာရီဝန်းကျင်က လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် တဦး သေဆုံးခဲ့တယ်လို့ အနီးအနားဒေသခံတွေက ပြောပါတယ်။
“သူတို့ကို ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး လိုက်ပစ်တာ၊ နှစ်ယောက်ထိတယ်၊ တယောက်ကသေတယ်၊ စစ်ကောင်စီဘက်က အလောင်းလာကောက်သွားတယ်” လို့ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ လူငယ်နှစ်ဦးက ဘယ်သူတွေဖြစ်တယ်ဆိုတာကို မသိရသေးဘဲ ဒဏ်ရာရသူ လူငယ်ကတော့ ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
မေ ၁၈ ရက်နေ့ကလည်း မိုးကုတ်မြို့ မြို့မရပ်ကွက်က ကိုအောင်ကို ကို စစ်ကောင်စီတပ်တွေက PDF တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်က စစ်ဆေးမှုတွေ တင်းကြပ်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။