အိုင်းယက်စ်နောက်ခံလူ တင်ဘာကို ခေါ်ယူရန် မန်ယူအသင်း ဆွေးနွေး

မန်ယူအသင်းဟာ နည်းပြသစ် တန်ဟတ်ဂ်လက်ထက် ပထမဆုံး ခေါ်ယူမှုအဖြစ် အိုင်းယက်စ်နောက်ခံလူ တင်ဘာကို ခေါ်ယူနိုင်ရေး ဆွေးနွေးနေပါတယ်။

အသက် ၂ဝ ပဲ ရှိသေးတဲ့ ဟော်လန်လက်ရွေးစင် ယူရီယန်တင်ဘာဟာ ဗဟိုနောက်ခံလူနေရာအပြင် ညာနောက်ခံလူအဖြစ်နဲ့ ကစားနိုင်ပြီး နည်းပြတန်ဟတ်ဂ်က သူနဲ့အတူ တပါတည်း ခေါ်ဆောင်လာဖို့ ဆန္ဒရှိနေတာပါ။

ယူရီယန်တင်ဘာအတွက် ပေါင် ၃၅ သန်း ပြောင်းရွှေ့ကြေး သတ်မှတ်ထားပြီး ကလပ်နှစ်သင်းအကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နည်းပြတန်ဟတ်ဂ်ဟာ ယူရီယန်တင်ဘာအပြင် နောက်ထပ် ဗဟိုခံစစ်မှူးဖြစ်သူ လီဆန်ဒရို မာတီနက်ဇ်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Mirror သတင်းစာက ဖော်ပြပါတယ်။

အဆိုပါခံစစ်မှူး ၂ ဦးဟာ အခုနှစ်ရာသီ အိုင်းယက်စ်အသင်းရဲ့ အမာခံကစားသမားတွေ ဖြစ်ပြီး နည်းပြတန်ဟတ်ဂ်က ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်လာဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်ရှိ အာဂျင်တီးနားနောက်ခံလူ မာတီနက်ဇ်ကိုတော့ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

//
More News
Up