ရုရှားသမ္မတပူတင်နှင့် တာဂျစ်ကစ္စတန်သမ္မတတို့ မော်စကိုတွင်တွေ့ဆုံ

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ တာဂျစ်ကစ္စတန်သမ္မတ အီမိုမာလီရာမွန်နဲ့ မေလ ၁၆ ရက်က တွေ့ဆုံပါတယ်။

ရုရှားမြို့တော် မော်စကိုမှာ နှစ်စဉ်ကျင်းပနေကျ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO)ရဲ့ ထိပ်သီး ညီလာခံ မတိုင်ခင် ကြိုတင်တွေ့ဆုံတာပါ။

ဒီစစ်ရေး မဟာမိတ်အဖွဲ့မှာ အဖွဲ့ဝင် ၆ နိုင်ငံ ရှိပြီး ဒါဟာ နေတိုး စစ်ရေးမဟာမိတ်အဖွဲ့အတွက် ရုရှားအစိုးရရဲ့ အဖြေလို့လည်း တခါတရံ ခေါ်ဝေါ်လေ့ ရှိပါတယ်။

ရုရှား၊ ဘဲလာရုစ်၊ အာမေးနီးယား၊ ကာဇက်စတန်၊ ကာဂျစ်စတန်နဲ့ တာဂျစ်ကစ္စတန်တို့ ပါဝင်တဲ့ ဒီအဖွဲ့ထဲမှာ ရုရှားက တက်ကြွတဲ့ စစ်သည်အင်အား ၉ သိန်းနဲ့ အားအကောင်းဆုံး အဖွဲ့ဝင်နိုင်ငံ အဖြစ် ရပ်တည်နေပါတယ်။

//
More News
Up