Home
မြန်မာသတင်း
ယင်းမာပင်တွင် စစ်တပ်က ပြည်သူ ၁ ဦးအား သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး
DVB
·
May 15, 2022
280758473_2998770500345506_8691381106039569327_n

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်အတွင်း မေ ၁၅ ရက် မနက် ၇ နာရီလောက်က စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၂ ရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတာကတော့ နှောရိုးကျေးရွာနဲ့ ရိုးမတိမ် ရွာသာယာကျေးရွာတို့က နေအိမ်တွေဖြစ်ပြီး နှောရိုးကျေးရွာက အိမ်ခြေ ၅ လုံးနဲ့ ရိုးမတိမ် ရွာသာယာကျေးရွာက အိမ်ခြေ ၂၄ လုံးအပြင် စျေးဆိုင်တန်း ၁ ခု တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှောရိုးကျေးရွာနေ စစ်ရှောင်ပြည်သူတဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ထားခဲ့ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ သတ်ဖြတ်ခံခဲ့ရသူဟာ ကိုအောင်ဇော်သိန်း ဖြစ်ပြီး ပြည်တွင်းငါးဖမ်းသင်္ဘောလုပ်ငန်းလုပ်ကိုင်နေသူတယောက်ဖြစ်ကာ ရွာကိုပြန်ရောက်တာ မကြာသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ ရှို့ထားခဲ့တဲ့ မီးကို ပြည်သူတွေက သွားရောက်ငြှိမ်းသတ်ရာမှာလည်း လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တာကြောင့် မီးငြှိမ်းသတ်နေတဲ့ပြည်သူတွေ အသက်လု ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

အခုလိုမီးရှို့သတ်ဖြတ်ခဲ့တဲ့တပ်ဟာ မေ ၁၅ ရက် မနက် ၄ နာရီလောက်က ယင်းမာပင်မြို့ရဲ့ အရှေ့ဘက်တနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ တပ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပင်မြို့နယ်အတွင်းက ပြည်သူတွေရဲ့နေအိမ်တွေကို နေ့စဥ်ရက်ဆက် မီးရှို့မှုနေပြီး မေ ၁၄ ရက်နေ့ကလည်း တရော်ကျင်းကျေးရွာက နေအိမ် ၂၅ လုံးကို မီးရှို့ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024