Home
သတင်းဓာတ်ပုံ
ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
DVB
·
May 15, 2022

“မတရားမှုလွင်ပြင်မှာ ခှိုလှုံစရာဘာအရိပ်မှမရှိ” စာသားကိုင်ဆွဲကာ ရန်ကုန်မြို့တနေရာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike)၊ Revolution Force(RF)၊ Labour Alliance (CTUM)၊ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ အလုံလူငယ်တပ်ဦး (AYF)၊ LGBT Community Yangon၊ Youth Association of Thingangyun (YAT) တို့က စနစ်တကျ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။

ရန်ကုန်မြို့တွင်း စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကြပ်နေတဲ့ကြားမှ ဆန္ဒပြခဲ့ကြဖြစ်ပြီး ပြည်သူလူထုအား စိတ်ဓာတ်တက်ကြွစေဖို့နဲ့ မတရားမှုတွေကို တိုက်ထုတ်တဲ့အခါ ကြောက်စိတ်တွေကို ဘေးဖယ်ထားပြီး တော်လှန်ရေးမှာ ရရာနေရာကနေ သွေးမအေးဘဲ ပါဝင်တော်လှန်ပေးကြဖို့ သပိတ်အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ-လူငယ့်ခေတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024