Home
မြန်မာသတင်း
ချင်းတွင်းမြစ်အတွင်း ရေယာဉ်များ မောင်းနှင်သွားလာခြင်းမပြုရန် မော်လိုက် PDF သတိပေး
DVB
·
May 14, 2022
280952666_565582024989272_7675749318925513087_n
473108-Htee-Gyiant-730x365
531882-520316-516858-KaLay-730x365-1-730x365-3-730x365

ချင်းတွင်းမြစ်အတွင်း မေ ၁၄ ရက်က စတင်ပြီး စက်လှေနဲ့ မော်တော်ရေယာဉ်တွေ မောင်းနှင် ဖြတ်သန်းသွားလာတာ မပြုဖို့  မော်လိုက်မြို့နယ်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Mawlaik-PDF က အသိပေးကြေညာထားပါတယ်။

စစ်ကောင်စီတပ်က ချင်းတွင်းမြစ်အတွင်းကနေ လက်နက်ခဲယမ်း လူအင်အားနဲ့ ရိက္ခာ‌တွေကို ပို့ဆောင့်ဖြည့်တင်းပေးတယ်လို့  ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောဆိုထားပါတယ်။ 

ခရီးသွားပြည်သူတွေအနေနဲ့ အရေးပေါ်ကိစ္စကလွဲပြီး ချင်းတွင်းမြစ်ကြောင်းကို အသုံးမပြုကြဖို့နဲ့  အခြေနေအရ သတင်းတွေကို ထုတ်ပြန်သွားမယ်‌လို့ လည်း မော်လိုက် PDF ကဆိုပါတယ်။

မော်လိုက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ မကြာခဏ ထိတွေ့ တိုက်ခိုက်မှုတွေဖြစ်ပွားပြီး  စကစလက်အောက်ခံ ရဲတပ်ဖွဲဝင် ဒုရဲအုပ်အပါအဝင် ၃ ယောက် ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က မော်လိုက် PDF အဖွဲ့ကတိုက်ခိုက်လို့ သေဆုံးခဲ့ပါတယ်။

ဖေါင်းပြင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့  ဖေါင်းပြင် PDF တို့ တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့တဲ့ မေလ ၈ ရက်က ယောင်းဟီးကျေးရွာက ဒေသခံရွာသား အယောက် ၄၀ ကို စကစနဲ့ ပျူစောထီးအဖွဲ့က ဖမ်းဆီးပြီး ယောင်းဟီးကျေးရွာရှိ အိမ်ခြေ ၂၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024