ဘီးလင်းမြို့နယ်တွင် ချေးငွေသွားတောင်းသည့် ကုမ္ပဏီဝန်ထမ်း ၁ ဦး အသတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စု၊ ခဲမောက်ကျေးရွာမှာ ချေးငွေ သွားတောင်းတဲ့ ကုမ္ပဏီဝန်ထမ်းတယောက်  အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သထုံမြို့ စထာပါနာချေးငွေကုမ္ပဏီဝန်ထမ်း ကိုအောင်သီဟဟာ မေလ ၁၂ ရက်နေ့က ခဲမောက်ကျေးရွာက လင်မယားနှစ်ယောက်ထံမှာ  ချေးငွေပြန်သွားတောင်းစဉ် အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ကိုအောင်သီဟကို သူ့အမျိုးသားက သတ်ဖြတ်လိုက်ကြောင်း  ချေးငွေယူထားသူရွာသားရဲ့ ဇနီးဖြစ်သူက  မေလ ၁၂ ရက် ည ၈ နာရီလောက်မှာ ကုမ္ပဏီထံ အကြောင်းကြားလာခဲ့ပါတယ်။

ဒါ့အပြင် ကိုအောင်သီဟရဲ့ ရုပ်လောင်းကို နေအိမ်နောက်ဘေးမှာ မြှုပ်နှံထားကြောင်းနဲ့  ပါရှိလာတဲ့ ငွေသားတချို့နဲ့ ဆိုင်ကယ်တစ်စီးကို လင်းမယား ၂ ဦး ယူဆောင် ထွက်ပြေးသွားပြီးလို့ ပြောပြလာတယ်လို့ဆိုတယ်။

ဒါကြောင့် မေလ ၁၃ ရက်မှာ အဆိုပါ အဆိုပါ လင်မယား ၂ ယောက် နေထိုင်တဲ့ ခဲမောက်ကျေးရွာ နေအိမ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သွားရောက် ရှာဖွေစဉ် နေအိမ်နောက်ဘေးနဲ့ ပေ ၁၀၀ လောက်အကွာမှာ မြေမြှုပ်ထားတဲ့ ကိုအောင်သီဟ ရုပ်အလောင်းကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

//
More News
Up