ပြည်ကြီးတံခွန်မြို့နယ်ရှိ စစ်တပ်ပိုင် မြဝတီဘဏ်ခွဲတွင် ဗုံးကွဲ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွဲဆည်ကန်ကားကြီးဝင်းနားက  စစ်တပ်ပိုင် မြဝတီဘဏ်ခွဲရဲ့ ဝင်းအတွင်းမှာ  မေ ၁၃ ရက် ညနေ ၄ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဘဏ်နှစ်ထပ်အ​ဆောက်အအုံက မှန်ပြတင်းပေါက်ကွဲ ပျက်စီးခဲ့ပြီး လူ ထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီး မကြာခင် အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ဆိုပါတယ်။

ဇန်နဝါရီ ၁၈ ရက်ကလည်း မြဝတီဘဏ်ရှေ့က အတွင်းခြံစည်းရိုး သံတံခါးအနီးမှာ လက်လုပ်မိုင်း ပေါက်ကွဲခဲ့ပြီး လူထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။

//
More News
Up