မြစ်ချောင်းအရေး လှုပ်ရှားသူများနှင့် ဒေသခံများ ဆန္ဒပြ (ဓာတ်ပုံ)













900
မတ် ၁၄ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှုနေ့ အထိမ်းအမှတ် သံလွင်မြစ်ကို လွတ်လပ်စွာ ဆင်းခွင့်ပေးဖို့နဲ့ သံလွင်မြစ်ပေါ်က ရေကာတာ တည်ဆောက်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ မြစ်ချောင်းအရေး လှုပ်ရှားသူတွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး သံလွင်မြစ်ပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
သံလွင်မြစ်ပေါ်မှာ ဟတ်ကြီးရေကာ တည်ဆောက်မယ့်နေရာမှာ ကရင်မြစ်ချောင်း စောင့်ကြည်ရေးအဖွဲ့က ဦးဆောင်ပြီး ဒေသခံတွေနဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲနဲ့ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဟတ်ကြီးရေကာတာ တည်ဆောက်မယ့်နေရာမှာ အခုလို ဆန္ဒထုတ်ဖော်တာဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ဝင် နော်ဆာမူးက ပြောပါတယ်။
[gallery ids="53307,53308,53309,53310,53311,53312,53313,53314,53315,53316,53317,53318,53319"]